Pages

Subscribe:

Friday, April 17, 2015

အာဆင်နယ် အသင်းမှာ ဝဲလ်ကော့ ကို ဆက်လက်နေသွားစေလိုတဲ့ အာဆင်ဝင်းဂါး



အာဆင်နယ် အသင်းမှာ ဝဲလ်ကော့ ကို ဆက်လက်နေသွားစေလိုတဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါး သည် အသင်းရဲ့ တောင်ပံ ကစားသမား သီယိုဝဲလ်ကော့ ကို အသင်း မှာအချိန်အတော်ကြာသည် အထိ နေသွားစေလိုကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဝဲကော့ ရဲ့ အနာဂတ် ဟာ အမ်းမရိတ် မှာ ဆက်နေ ရေး အတွက် မသောချာ ဖြစ်နေပြီး ၂၆ နှစ်သားသည် အသင်း နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အင်္ဂလန် ကားသမား သည် ဂန်းနားတို့အတွက် ၅ ပွဲသာ ပွဲထွက်ခွင့် ရခဲ့သောကြောင့် လီဗာပူးလ် အသင်း နှင့် မကြာသေးခင်က ချိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ ဒူးခေါင်း ဒဏ်ရာကလည်း ပြီးခဲ့သည့် ဇန်နဝါရီ လကတည်း က တိုးတက်ကောင်းမွန်နေပြီး ပိုမို ကြံ့ခိုင်လာစေရန် ဆက်လက် လုပ်ဆောင်လျှက်ရှိနေပါတယ်။

အာဆင်ဝင်းဂါး ကတော့ သူ့ရဲ့ တောင်ပံကစားသမား သည် မကြာခင် ပထမ အသင်းမှာ ပြန်လာလိမ့်မယ် လို့ယုံကြည်မှုရှိနေပြီး ၂၆ နှစ်သား ကို အသင်းကနေ ထွက်ခွာသွားစေဖို့ ဆန္ဒမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"""သူ့မှာ အကောင်းဆုံး အနာဂတ် ရှိလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော် သူ့ကို ဒီမှာ နေသွားစေလိုပါတယ်၊ ဝဲကော့ ဟာ သတင်းပတ်တိုင်း ပိုမို ကောင်းမွန်လာနေပါတယ်၊ အနာဂတ်မှာ အကောင်းဆုံး ဂိုးသွင်း မှတ်တမ်း တွေ ရှိလာပါလိမ့်မယ်""" လို့ အင်္ဂါနေ့က အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။

#KS
Soccer Myanmar

0 comments:

Post a Comment