Pages

Subscribe:

Saturday, April 11, 2015

ပြင်သစ်နိုင်ငံနှင့် ဒိုင်လူကြီးကိုဝေဖန်စော်ကားခဲ့သည့် အီဗရာဟီမိုဗစ်ခ်ျလေးပွဲ ပယ်ခံရ



ပြင်သစ်နိုင်ငံနှင့် ဒိုင်လူကြီးကိုဝေဖန်စော်ကားခဲ့သည့် အီဗရာဟီမိုဗစ်ခ်ျလေးပွဲ ပယ်ခံရ
Written by  အောင်ငြိမ်းသွေး

ပြင်သစ်၊ ဧပြီ ၁၀။     ။ ပီအက်စ်ဂျီအသင်းက ဘော်ဒိုးအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင် လူကြီးနှင့် ပြင်သစ်နိုင်ငံ ကိုဝေဖန်စော် ကားခဲ့သည့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကိုပြင်သစ်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်း သိမ်းရေးကော်မတီကလေးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက် ပြီဖြစ်သည်။

ပြီးခဲ့သည့်လက ယှဉ်ပြိုင်ခဲ့သော ထိုပွဲစဉ်အပြီးတွင် မိုဗစ်ခ်ျသည် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီးဝေဖန်ခဲ့သလို ပြင်သစ်နိုင်ငံသည် ၎င်း၏ အရည်အချင်း၊ ပီအက်စ်ဂျီလိုအသင်းမျိုးနှင့် ထိုက်တန်မှုမရှိကြောင်းဝေဖန်ခဲ့သည်။ “a s**t country” ဟုလည်းပြောဆိုခဲ့သည်။

ထို့ကြောင့် ဆွီဒင်ဝန်ကြီးချုပ်မှ စပြီး ပြင်သစ်ဘောလုံးအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းဝေဖန်ခဲ့ကြသည်။ ထို့နောက်တွင် မိုဗစ်ခ်ျက ၎င်း၏ပြောစကား များအတွက်ပြန် လည်တောင်းပန်ခဲ့သည်။

ယခုချမှတ်ခဲ့သည့်ပြစ်ဒဏ်ကြောင့် မိုဗစ်ခ်ျသည် နိုက်စ်၊ လိုင်လီ၊ မက်ဇ်၊ နန့်တက်စ်တို့နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များကို လွဲချော်ရတော့မည်ဖြစ်သည်။ မိုဗစ်ခ်ျ သည် ချယ်လ်ဆီးကွင်းလယ်လူ အော်စကာကိုပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းကြောင့် လာမည့်အပတ်တွင် ကစားရမည့် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပြီးဖြစ်သည်။

မိုဗစ်ခ်ျသည် စိန့်အက်တီနီအသင်းအား ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် သုံးဂိုးသွင်းယူပေးခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိ တွင် မိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်းအတွက် ၁၀၂ ဂိုးအထိသွင်းယူပေးထားပြီး အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသည့်ပေါ်လက်တာ၏ ၁၀၇ ဂိုး သွင်းဂိုးစံချိန်ကိုကျော်ဖြတ်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။

Ref : FIFA

Mizzima

0 comments:

Post a Comment