Pages

Subscribe:

Thursday, April 9, 2015

ဆာခို ဒဏ်ရာ ရသွားခြင်းကြောင့် ခံစစ်အတွက် ပိုမိုခေါင်းစားစရာ ကြုံလာသည့် လီဗာပူးလ်



ဆာခို ဒဏ်ရာ ရသွားခြင်းကြောင့် ခံစစ်အတွက် ပိုမိုခေါင်းစားစရာ ကြုံလာသည့် လီဗာပူးလ်

FAဖလား ပွဲစဉ်တွင် ဘလက်ဘန်းရိုဗာကို အနိုင် ရခဲ့သော်လည်း မာမာဒူဆာခို ဒဏ်ရာရသွားခြင်းက လီဗာပူးလ်၏ ခံစစ်ပိုင်း ပြဿနာများကို ပိုမိုကျပ်တည်း ဆိုးရွား သွားစေခဲ့သည်။
ပြင်သစ် ကွင်းလယ်လူ ဆာခိုသည် ပထမပိုင်းတွင် တံကောက်ကြောဒဏ်ရာ ရထားပြီး ကွင်းထဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ လီဗာပူးလ်သည် ဘလက်ဘန်းကို အနိုင်ရကာ FAဖလား အကြိုဗိုလ်လုပွဲအဆင့် ရောက်ရှိခဲ့သော်လည်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာ အနေဖြင့် ဗဟိုခံစစ် နေရာအတွက် ခေါင်းစားရတော့မည် ဖြစ်သည်။ လတ်တလောတွင် မာတင်စကာတယ်လ်သည်လည်း ပွဲပယ်ခံထားရသောကြောင့် လီဗာပူးလ်တွင် ကြံ့ခိုင်မှု ပြည့်ဝသည့် နောက်ခံလူဟူ၍ ဒီယန်လော့ဗန်ရန်းနှင့် ကိုလိုတိုရေးတို့သာ ရှိတော့သည်။
လော့ဗ်ရန်းရော၊ တိုရေးပါ ရော့ဂျာ စိတ်ကြိုက်အတွေ့ဆုံး ခံစစ်မှူးများ မဟုတ်သော်လည်း လက်ရှိ အခြေအနေအရ ရော့ဂျာ အနေဖြင့် ၎င်းတို့ နှစ်ဦးကိုပင် မဖြစ်မနေ တွဲဖက် အသုံးပြုရမည့် သဘောမျိုး ကြုံလာသည်။ အခြားရွေးချယ်စရာ တစ်ခုမှာ ဂျာမန် လူငယ် ကွင်းလယ်ကစားသမား အမ်မရီကန်ကို လီဗာပူးလ် ဗဟိုခံစစ်တွင် ပြောင်းလဲ အသုံးပြုရန် ဖြစ်သည်။ လီဗာပူးလ်သည် တနင်္လာနေ့တွင် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရန် ရှိနေပြီး အဆိုပါ အခြေအနေတွင် ရော့ဂျာအနေဖြင့် ခံစစ်အတွက် လူရွေးချယ်ရန် သေချာပေါက် အခက်ကြုံလာမည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment