Sunday, April 5, 2015
ရီမီ၏ ဂိုးဖြင့် စတုတ်ခ်စီးတီးကို အနိုင်ရခဲ့သည့် ချယ်ဆီး
ရီမီ၏ ဂိုးဖြင့် စတုတ်ခ်စီးတီးကို အနိုင်ရခဲ့သည့် ချယ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) ချယ်ဆီးနှင့် စတုတ်ခ်စီးတီး ပွဲတွင် ချယ်ဆီးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချယ်ဆီးတွင် ကော်တွိုက်စ်၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ မာတစ်၊ ဖာဘရီဂက်စ်၊ ဝီလျံ၊ အော်စကာ၊ ဟာဇက်၊ ရီမီတို့ ပွဲထွက်ပါဝင်ခဲ့သည်။
စတုတ်ခ်စီးတီးတွင် ဘီဂိုဗစ်၊ ကင်မရွန်း၊ ရှောခရော့စ်၊ ဝေါလ်ရှိတ်၊ ဝီလ်ဆန်၊ အိုင်ယာလန်၊ ဝီလန်၊ အန်ဇွန်ဇီ၊ အဒမ်၊ ဝေါလ်တာစ်၊ ဒီယော့ဖ်တို့ ပါဝင်ကစားခဲ့သည်။
ယခုပွဲစဉ်တွင် စတုတ်ခ်စီးတီး ကစားသမား ချာလီအဒမ်က အံ့အားသင့်ဖွယ်ဂိုး သွင်းယူခဲ့သော်လည်း ချယ်ဆီးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်တွင် ၇ မှတ်အသာဖြင့် ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။ ပထမပိုင်းတွင် ချယ်ဆီးက ဂိုးရရှိရန် တိုက်စစ်ဆင် ကြိုးပမ်းခဲ့သော်လည်း ၃၉ မိနစ်မှသာ အဖွင့်ဂိုး ရရှိခဲ့သည်။ ချယ်ဆီးအတွက် အဖွင့်ဂိုးကို ၃၉ မိနစ်တွင် ဖာဘရီဂက်စ်ကြောင့် ရရှိသည့် ပင်နယ်တီမှတစ်ဆင့် ဟာဇက်က သွင်းယူခဲ့သည်။ စတုတ်ခ်စီးတီးသည် ချယ်ဆီးကို တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့ရပြီး ၄၄ မိနစ်တွင် ချာလီအဒမ်က ၅၉ ကိုက်အကွာမှ အသင်းအတွက် ချေပဂိုး ရယူခဲ့သည်။ ဒုတိယပိုင်းတွင် မော်ရင်ဟိုက ဒီယေဂို ကော်စတာကို ထည့်သွင်းကာ တိုက်စစ်အင်အား ဖြည့်တင်းခဲ့သော်လည်း စပိန် လက်ရွေးစင် ကစားသမားမှာ ၁၀ မိနစ်အကြာတွင် တံကောက်ကြော ဒဏ်ရာကြောင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရသည်။ ချယ်ဆီးအတွက် အနိုင်ဂိုးကို စတုတ်ခ်စီးတီး ဂိုးသမား ဘီဂိုဗစ်၏ အမှားမှရရှိခဲ့သည်။ ၆၂ မိနစ်တွင် ဘီဂိုဗစ် ပစ်ပေးလိုက်သည့် ဘောလုံးကို ဝီလျံ ရရှိသွားပြီး လူကပ်ခံထားရခြင်း မရှိသည့် အီဒင်ဟာဇက်ထံ ထိုးပေးကာ ၎င်းက တိုက်စစ်မှူး ရီမီ အသာအယာ ပိတ်သွင်းရန် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ချယ်ဆီးအသင်း၏ ဂိုးထပ်မံ ရရှိရန် ကြိုးပမ်းမှုများကို စတုတ်ခ် ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့သောကြောင့် ပွဲအပြီးတွင် အိမ်ရှင်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment