Sunday, April 5, 2015
ကမ္ဘာ့အဆင့် ကစားသမား ယာယာတိုရေးကို အင်တာမီလန် အလိုရှိကြောင်း ဇနက်တီ ပြောကြား
ကမ္ဘာ့အဆင့် ကစားသမား ယာယာတိုရေးကို အင်တာမီလန် အလိုရှိကြောင်း ဇနက်တီ ပြောကြား
အင်တာမီလန် ဒုဥက္ကဋ္ဌ ဂျာဗီးယား ဇနက်တီက အသင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ယာယာတိုရေးကို ဆန်စီရိုသို့ ခေါ်ယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားကို ခေါ်ယူရန် အင်တာမီလန်က ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ပြီး ကစားသမားအနေဖြင့်လည်း မန်ချက်စတာစီးတီး မန်နေဂျာဟောင်း ရော်ဘတ်တို မန်စီနီနှင့် ပြန်လည် လက်တွဲဖွယ်ရှိနေသည်။
အင်တာမီလန် အထွေထွေဒါရိုက်တာ မာကို ဖက်ဆိုနီကလည်း ယာယာတိုရေးသည် အသင်းအတွက် အလွန်ဈေးကြီးလွန်းကြောင်း ဆိုခဲ့သော်လည်း ဇနက်တီက အသက် ၃၁ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။
“သူက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ သတ်မှတ်ချက်တွေကို ကျွန်တော်တို့ လေးစားရမယ်ဆိုပေမယ့် ဒီသတ်မှတ်ချက်တွေထဲမှာ သူ့ကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်မယ့် အရာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဇနက်တီက ပြောကြားခဲ့သည်။
အင်တာမီလန်သည် ယခုနှစ် ဘောလုံးရာသီတွင် ခြေစွမ်းကျဆင်းနေကာ စနေနေ့က ပါးမားနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ၅ ပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်း မရှိဘဲ လာမည့်နှစ် ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲများနှင့် လွဲချော်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။
လက်ရှိတွင် အင်တာသည် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ တွင် ရပ်တည်နေပြီး အဆင့် ၅ မှ နာပိုလီနှင့် ၉ မှတ်ကွာဟလျက်ရှိသည်။
Soccer Myanmar
Labels:
စီးရီးအေ,
ပရီးမီးယားလိဂ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment