Pages

Subscribe:

Saturday, April 11, 2015

ဂျပန်လက်ရွေးစင်တိုက်စစ်မှူးကို ချယ်လ်ဆီးအသင်းကမ်းလှမ်း



ဂျပန်လက်ရွေးစင်တိုက်စစ်မှူးကို ချယ်လ်ဆီးအသင်းကမ်းလှမ်း
Written by  ဝေဘုန်းလူ

လန်ဒန်၊ ဧပြီ ၉။  ။ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသည် ဂျပန်လက်ရွေးစင်တိုက်စစ်မှူး ယိုရှီနိုရီမူတိုကို ကမ်းလှမ်းလိုက်သည်။

အက်ဖ်စီတိုကျို တိုက်စစ်မှူးအနေဖြင့် လာမည့်နွေရာသီတွင် ချယ်လ်ဆီးသို့ပြောင်းရန်ကိစ္စကိုဆုံးဖြတ်ချက်ချရခြင်း မရှိသေးဟု ကျိုတိုသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၁ ပွဲကစားထားသော အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးသည် ဂျေလိဂ်ရာသီသစ်တွင် လေးပွဲကစားပြီး သုံးဂိုးသွင်းထားသည်။

ပြီးခဲ့သည့်ရာသီက ၁၃ဂိုးသွင်းခဲ့သော မူတိုသည်ဂျေလိဂ် အကောင်းဆုံး၁၁ယောက် စာရင်းတွင် ပါဝင်ခဲ့ပြီး ဂျပန်  လက်ရွေးစင်အသင်းနှင့်လည်း အာရှဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ပြီးခဲ့သည့်လက ဂျပန်လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့သော နည်းပြသစ် ဟလီဟိဇစ်လက်ထက်တွင်လည်း ပွဲထွက်ကစားသမားအဖြစ် ဆက်ကစားခွင့်ရခဲ့သည်။၎င်းသည် လွန်ခဲ့သည့်နှစ်ပတ်က ကီယိုတက္ကသိုလ်မှစီးပွားရေးဘွဲ့လည်း  ရထားသည်။

ဖေဖော်ဝါရီလအတွင်းတွင် ချယ်လ်ဆီးအသင်းသည် ဂျပန်တာယာကုမ္ပဏီ ယိုကိုဟားမားရော်ဘာနှင့် တစ်နှစ်ပေါင်သန်း ၄၀ တန် ရင်ဘတ် စပွန်ဆာစာချုပ် ချုပ်နိုင်ခဲ့သည်။

Ref;  BBC

Mizzima

0 comments:

Post a Comment