Saturday, April 11, 2015
သားဖြစ် သူသေဆုံးခဲ့ ရသည့်မိခင် ကိုစော်ကား သည့်စာတမ်းကိုင် ခဲ့သော ပရိသတ် များကြောင့် ရိုးမားအသင်း ကွင်းပိတ်ခံရ
သားဖြစ် သူသေဆုံးခဲ့ ရသည့်မိခင် ကိုစော်ကား သည့်စာတမ်းကိုင် ခဲ့သော ပရိသတ် များကြောင့် ရိုးမားအသင်း ကွင်းပိတ်ခံရ
Written by ဝေဘုန်းလူ
ရောမ၊ ဧပြီ ၈။ ။ ရိုးမားပရိသတ်များသည် ပြီးခဲ့သည့်တစ်ပတ်က တစ်ဖက်သားကိုစော်ကားသည့် စာတမ်းကိုင်ဆောင်အားပေး ခဲ့သောကြောင့် ရိုးမားအသင်း မှာလာမည့် အိမ်ကွင်း ပွဲစဉ်၌ ကွင်းအစိတ်အပိုင်း အချို့ ပရိသတ်မပါဘဲ ကစားရတော့ မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပရိသတ်ချင်း ခိုက်ရန်ဖြစ်ပွားမှု တွင်သေဆုံး ခဲ့ရသော နာပိုလီ ပရိသတ်၏မိခင် ကိုစော်ကား သည့်စာတမ်းကို ပြီးခဲ့သည့် စနေနေ့ တွင် ရိုးမား က နာပိုလီကို ၁-၀ဖြင့် အနိုင် ရသည့်ပွဲတွင် ရိုးမား ပရိသတ်များ ကိုင်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။
ယင်းစာတမ်းတွင်ရေးသားထား မှုများမှာ "ယမန်နှစ် ကသေဆုံး ခဲ့သော ပြိုင်ဘက် ပရိသတ် ၏မိခင်ကို ရည်ရွယ် ပြီးစော်ကား ထားခြင်းဖြစ်သည်" ဟု စီးရီးအေ စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ယူဆပြီးပြစ်ဒဏ် ချခဲ့သည်။
ပြီးခဲ့သည့်နှစ် ကရောမတွင် ကျင်းပခဲ့သော ကိုပါအီတာလီယာ ဖလားဗိုလ်လု ပွဲတွင် ပရိသတ်များ ခိုက်ရန်ဖြစ် ပွားပြီး နာပိုလီ ပရိသတ် အက်စပိုစီတို သည်သေ နတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ ၎င်း၏မိခင် လီယာဒီကိုရည်ရွယ်ပြီး ရိုးမားပရိသတ်များက စာတမ်းများ ကိုင်ဆောင် ခဲ့ခြင်းဖြစ်သည်။
ကိုပါအီတာလီယာဖလားပွဲမှာ နာပိုလီနှင့်ဖီအိုရင်တီးနားတို့ ကစားခဲ့ခြင်းဖြစ်သော်လည်း ခိုက်ရန်ဖြစ်ပွားမှုတွင် ရိုးမားပရိသတ်များ ပါဝင်ခဲ့ ကြခြင်းဖြစ် သည်။စော်ကား ခံခဲ့ရသည့် လီယာဒီက "အဲဒီစာတမ်းတွေရေးခဲ့တဲ့ လူတွေရဲ့နှလုံးသားကို ဘုရားသခင် ကပြောင်းလဲပေး ပါလိမ့်မယ်။ ဒီပွဲကို တီဗီကကြည့်နေ ခဲ့ပြီး အဲဒီစာတမ်းတွေကြောင့် နာကျင်ခံစားခဲ့ရပါတယ်။ သားတစ်ယောက်ကိုဆုံးရှုံးထားရသူအတွက် အဲဒါတွေကို ကြားရ၊ မြင်ရတာ နာကျင်ခံစား ရပါတယ်" ဟုအေအန် အက်စ်အေ သတင်းဋ္ဌာန သို့ပြော ခဲ့သည်။
Ref: Daily Mail
Mizzima
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment