Pages

Subscribe:

Saturday, April 11, 2015

ကလပ်အပေါ် သစ္စာရှိစွာ အားပေး သူများကို လီဗာပူးလ် အသင်း လက်မှတ်ခ တိုးမြှင့်မည် မဟုတ်



ကလပ်အပေါ် သစ္စာရှိစွာ အားပေး သူများကို လီဗာပူးလ် အသင်း လက်မှတ်ခ တိုးမြှင့်မည် မဟုတ်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၈။      ။ ကလပ် အသင်းအပေါ် သစ္စာရှိ စွာဖြင့် တစ်ရာသီ စာလက်မှတ် ၀ယ်ယူ အားပေး သူများကို လာမည့် ရာသီသစ်တွင် လက်မှတ်ခ တိုးမြှင့် မည်မဟုတ်ဟု လီဗာပူးလ် အသင်းက အတည်ပြုကြေ ညာလိုက်သည်။

အန်ဖီးလ်ကွင်းတွင် တစ်ရာသီ စာလက်မှတ်ဈေးနှုန်းများမှာ အရွယ်ရောက်ပြီး သူများ အတွက်ပေါင် ၇၁၀ မှ ၈၆၉ပေါင် အထိဈေးနှုန်း ရှိပြီး လူငယ်များအတွက် မှုလူကြီးဈေးနှုန်း ထက်ပေါင် ၂၀၀ မှ ၁၈၀ ကြားလျော့နည်း သည့်ဈေးနှုန်းဖြင့် ကြည့်ရှုနိုင် မည်ဖြစ်သည်။

လီဗာပူးလ် အသင်းမှာ ယခုရာသီ တွင်ခြေစွမ်း ကျဆင်းကာ လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မလွယ်ကူသည့် အခြေအနေတွင် ကွင်းဝင်ကြေး တိုးမြှင့်မည် ဆိုပါက ပုံမှန် လုပ်ရိုး လုပ်စဉ်ဖြင့် ကွဲထွက်သွား မည်ဖြစ်သည်။

သို့သော် လီဗာပူးလ် အသင်း၏ အမှုဆောင် အရာရှိချုပ် အီယန်အေရီက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ အသင်း၏ ပြိုင်ပွဲ ရလဒ်နှင့် မသက်ဆိုင်ပဲ သစ္စာရှိ သည့် ပရိသတ်များ ကိုပေးဆပ် ရန်သာ ရည်ရွယ်ကြောင်းပြောသည်။

'တစ်ရာသီစာ လက်မှတ်ဝယ်ယူ သူတွေဟာ အသင်းအပေါ် တကယ်ကို သစ္စာရှိတဲ့သူတွေပါ။ ငယ်ရွယ်တဲ့ ပရိသတ်တွေနဲ့ အရွယ်ရောက်ပြီး သူအားလုံး အတွက် အခုလို လုပ်ပေးနိုင်ခဲ့တာ တကယ် ကိုကျေနပ် စရာကောင်း ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ တစ်ရာသီစာ လက်မှတ် ၀ယ်ယူသူတွေ အတွက် အသင်းက မမြဲပဲ စဉ်း စားပေး ပါတယ်။ ပရိသတ်တွေရဲ့ အမြင်ကို နားလည်နိုင်ဖို့ လီဗာပူးလ်အားပေးသူများအဖွဲ့နဲ့လည်း တိုင်ပင်ပါတယ်။ ဒါက ပရိသတ်တွေအတွက် အရေးကြီးပါ တယ်' ဟု အီယန်အေရီ ကပြောသည်။

လီဗာပူးလ် ပရိသတ်များ အနေဖြင့် ၂၀၁၅ မေလ ၂၂ ရက်နေ့မှ စတင်ကာ ရာသီသစ်အတွက် တစ်ရာသီစာ လက်မှတ်များကို ၀ယ်ယူနိုင် မည်ဖြစ်သည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment