Saturday, April 11, 2015
မန်ယူကို နည်းပြရန် ဝက်စ်ဟမ်းနည်းပြ အလာဒိုက် အိပ်မက်နေ
မန်ယူကို နည်းပြရန် ဝက်စ်ဟမ်းနည်းပြ အလာဒိုက် အိပ်မက်နေ
Written by ဝေဘုန်းလူ
လန်ဒန်၊ ဧပြီ ၉။ ။ တစ်နေ့တွင် မန်ယူ အသင်းကို နည်းပြ လိုသည့် ရည်မှန်း ချက်အား နည်းပြကြီး ဆမ်အလာဒိုက်က ဖွင့်ဟ လိုက်သည်။ လက်ရှိ ဝက်စ်ဟမ်း နည်းပြ အလာဒိုက်စ်သည် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မာဆယ်လိုဘီရယ်ဆာသည် အစားထိုးမည့် စာရင်း တွင်ရှိနေရာ အာလာဒိုက်စ် မှာအသင်းမှ ထွက်ခွာရမည် ဟုမျှော်လင့် ရသည်။
၂၀၁၁ တွင်တန်းဆင်းခဲ့ရပြီး ပရီးမီးယားလိဂ်သို့ပြန်လည်တန်းတက်နိုင်ခဲ့သော ဝက်စ်ဟမ်းအသင်းကို နည်းပြခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း အလာဒိုက်စ် ကဝန်ခံ ခဲ့သော်လည်း တစ်နေ့နေ့တွင် မန်ယူအသင်းကို ကိုယ်တွယ်ရန် ရည်မှန်း ချက်ရှိကြောင်းပြော ခဲ့ခြင်းဖြစ်သည်။
အဘလာဒိုက်စ်က "ဝက်စ်ဟမ်းအသင်းကို ကိုင်တွယ်ဖို့က ကျွန်တော့်ရည်မှန်းချက် မဟုတ်ဘူးလို့ပြောရင် ဝက်စ်ဟမ်းပရိသတ်တွေနဲ့ ကျွန်တော်ပြဿနာ တက် သွားမှာပေါ့။ ဒါပေမဲ့ကျွန်တော်အိပ်မက်နေတဲ့ ကလပ်တစ်ခုလည်းရှိနေပါတယ်။ အမြဲတမ်း အိပ်မက်မိတဲ့ အသင်းကတော့ မန်ယူပါ။ ကစားသမားဘဝက ကစား ခဲ့ဖူးသလို နည်းပြ အဖြစ်နဲ့လည်းပြန်သွား ချင်ပါတယ်။ ကျွန်တော့အထင် ဒီနိုင်ငံမှာ တော့ မန်ယူက နံပါတ်တစ်ပါပဲ"ဟု ဘီတီစပို့စ်နှင့် ဘီဘီစီမှ ထုတ်လွှင့်သည့် ကလဲဘဲဒင်းရှိုး တွင်ပြောသည်။
Ref: BBC
Mizzima
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment