Pages

Subscribe:

Wednesday, April 8, 2015

ဒူးဒဏ်ရာကြောင့် ကျူပီအာမှဗားဂတ်စ် ရာသီကုန်ထိ နားရမည်



ဒူးဒဏ်ရာကြောင့် ကျူပီအာမှဗားဂတ်စ် ရာသီကုန်ထိ နားရမည်
Written by  ဝေဘုန်းလူ

လန်ဒန်၊ ဧပြီ ၇။      ။ ကျူပီအာ တိုက်စစ်မှူးဖြစ်သူ ဗားဂတ်စ်သည် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူ ရတော့ မည်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ရှိ ချီလီ တိုက်စစ်မှူးသည် ဝက်စ်ဘရွန်းကို ၄-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းနိုင် ခဲ့သော်လည်း ဘယ်ဘက် ဒူးဒဏ်ရာရခဲ့၍ လူစားလဲခံခဲ့ရ သည်။

ဓါတ်မှန်ရိုက်စစ်ဆေးမှုအရ ဗားဂတ်စ်၏ဒဏ်ရာမှာ ဒူးအရွတ် ဒဏ်ရာအဆင့်-၂ ဖြစ်ပြီး ၁၀ ပတ်မှ ၁၂ ပတ်အထိ အနားယူရ ဖွယ်ရှိသည်။ ဗားဂတ်စ်သည် ကျူပီ အာတွင် တစ်နှစ် အတွင်း ယင်းကဲ့သို့ ဒူးဒဏ်ရာ အမျိုးအစားကို ရရှိသည့် တတိယမြောက် ကစားသမားဖြစ်ပြီး ရစ်ချတ်ဒန်းနှင့် လီရွိုင်းဖာတို့လည်း ဒဏ်ရာရခဲ့ ကြဖူးသည်။

ဒန်းနှင့် လီရွိုင်းဖာတို့မှာ ပြန်ကစားနိုင်ရန်နီးစပ်နေပြီး ဧပြီ ၂၅ တွင် ဝက်စ်ဟမ်းနှင့်ကစားမည့်ပွဲ၌ ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

Ref: BBC

Mizzima

0 comments:

Post a Comment