Wednesday, April 8, 2015
အနီကတ်ပြခံ ရပုံဆန်းသည့် ကစားသမား
အနီကတ်ပြခံ ရပုံဆန်းသည့် ကစားသမား
Written by ဝေဘုန်းလူ
ဘာစီလိုနာ၊ ဧပြီ ၆။ ။ ဘာစီလိုနာ အသင်းက ဆယ်လ်တာဗီဂိုအား ၁-၀ ဂိုးဖြင့်အနိုင် ရသည့်လာလီဂါ ပွဲစဉ်တွင် လက်ရှိရာသီ တစ်လျှောက် ထူးဆန်းသည့် အဖြစ် အပျက် တစ်ခုပေါ်ပေါက် ခဲ့သည်။
ပွဲချိန် ၇၃မိနစ်တွင် မက်သယူး ကခေါင်းတိုက်ဂိုး သွင်းယူခဲ့ ပြီးနောက် ပွဲပြီးရန်နီး ကပ်လာချိန်တွင် အချိန်ဆွဲရန်ကြိုးစားသည့် ဘာစီလိုနာ ကွင်းလယ်လူ ဘတ်စ် ကွက်စ်နှင့် ဆယ်လ်တာ တိုက်စစ်မှူးဖေဘီယန်အော်ရယ်လာနာ တို့အကြား ကတောက်ကဆဖြစ် ခဲ့ကြသည်။
ဘတ်စ်ကွက်စ်၏ အချိန်ဖြုန်းမှုကို ကွင်းလယ်ဒိုင်ဖြစ် သူထံအော်ရယ်လာနာ ကဒေါသတကြီးတိုင် ကြားပြီးနောက် ကွင်းထဲမှမြက်တစ်ဆုပ်ကို ဆွဲနှုတ်ကာ ဘတ်စ် ကွက်စ်ထံ ပစ်ပေါက် ခဲ့ခြင်းဖြစ်သည်။
ဘတ်စ်ကွက်စ်သည် ၎င်း၏အကျင့် အတိုင်းဖြစ် ဟန်တူသည့် အမူအယာ ပိုမိုဟန်ဆောင်ခဲ့ ပြီးမြက်ဆုပ်မှာ လည်ပင်းကို ထိသော်လည်း မျက်လုံး ကိုအုပ်ကာ ဟန်ဆောင် ခဲ့သည်။ ယင်းဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်ပြရန် ဆုံးဖြတ်ခဲ့ ပြီးအော်ရယ်လာနာကို ထုတ်ပယ်ခဲ့သည်။
အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်ခဲ့သည့် ဘာစီလိုနာအသင်းသည် ဂရန်နာဒါကို ၉-၁ ဂိုးဖြင့်အနိုင်ရထားသည့် ရီးယဲလ် မက်ဒရစ်အသင်း ကိုလေးမှတ်ဖြတ်ပြီး ဆက် လက်ဦးဆောင်နိုင်ခဲ့သည်။
Ref: Daily Mail
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment