Pages

Subscribe:

Thursday, April 9, 2015

အင်တာ တိုက်စစ်မှူး အိုင်ကာဒီကို လေ့လာရန် ကင်းထောက်များ စေလွှတ်မည့် ယူနိုက်တက်



အင်တာ တိုက်စစ်မှူး အိုင်ကာဒီကို လေ့လာရန် ကင်းထောက်များ စေလွှတ်မည့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်သည် အင်တာမီလန် တိုက်စစ်မှူး မော်ရို အိုင်ကာဒီကို ကင်းထောက်များစေလွှတ် စောင့်ကြည့်မည်ဟု သိရသည်။
လာမည့်ရာသီတွင် ရော်ဘင်ဗန်ပါစီ၊ ရာဒါမယ် ဖယ်လ်ကာအိုတို့နှင့် လမ်းခွဲဖွယ် ရှိနေပြီး တိုက်စစ်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းရန် ကြံစည်နေသည့် ယူနိုက်တက် မန်နေဂျ လူးဝစ်ဗန်ဂါးလ်၏ ပစ်မှတ်စာရင်းတွင် အိုင်ကာဒီသည် နောက်ဆုံး ပါဝင်သူ ဖြစ်လာသည်။ အင်တာသည် စနေနေ့တွင် ဗီရိုနာ၏ အိမ်ကွင်း၌ စီးရီးအေပွဲစဉ် သွားရောက် ကစားမည်ဖြစ်ရာ ယူနိုက်တက် ကင်းထောက်များက အာဂျင်တီးနား တိုက်စစ်မှူးကို သွားရောက်လေ့လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ယူနိုက်တက်သည် အသက်(၂၂)နှစ်အရွယ် ကစားသမားကို စောင့်ကြည့်ရန်အတွက် ဆမ့်ဒိုးရီးယား၊ ပါးမားတို့နှင့် ပွဲစဉ်များတွင်လည်း ကင်းထောက်များ စေလွှတ်ခဲ့ပြီး ဖြစ်သည်။ အိုင်ကာဒီသည် အင်တာ၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားသော်လည်း ကလပ်အသင်းနှင့် ကစားသမား၏ ကိုယ်စားလှယ်များကြား ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ အိုင်ကာဒီသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၁၀၀၀)သာ ရရှိနေပြီး တစ်ပတ် ပေါင်စတာလင် (၄၃၀၀၀)ထိ တိုးမြှင့် တောင်းဆိုထားသည်။ ယင်းပမာဏသည် ယူနိုက်တက်အတွက် ပြဿနာ မဟုတ်ချေ။
အိုင်ကာဒီအနေဖြင့် ချန်ပီယံလိဂ်တွင် ကစားခွင့် ရလာမည့် အနေအထားကိုလည်း အလေးအနက် စဉ်းစားဖွယ် ရှိနေသည်။ အိုင်ကာဒီကို ချယ်လ်ဆီး၊ မန်ချက်စတာစီးတီးနှင့် အာဆင်နယ်တို့ကလည်း စောင့်ကြည့်ခဲ့ဖူးသည်။ အိုင်ကာဒီသည် (၂၀၁၃)ခုနှစ်၊ နွေရာသီတွင် ဆမ့်ဒိုးရီးယားမှ ပြောင်းရွှေ့လာခဲ့ပြီး ယခုရာသီ အသင်းအတွက် စီးရီးအေ၌ (၁၅)ဂိုး သွင်းယူပေးထားသည်။

Soccer Myanmar

0 comments:

Post a Comment