Pages

Subscribe:

Friday, April 10, 2015

ဘာစီလိုနာမှ အဲလ်ဗက်စ် ထွက်ခွာရန် သေချာသလောက်ရှိဟု အေးဂျင့်ပြောကြား



ဘာစီလိုနာမှ အဲလ်ဗက်စ် ထွက်ခွာရန် သေချာသလောက်ရှိဟု အေးဂျင့်ပြောကြား

ဒန်နီအဲလ်ဗက်စ် အနေဖြင့် ဘာစီလိုနာမှ ထွက်ခွာရန် သေချာသလောက် ရှိနေပြီဟု ကစားသမား၏ အေးဂျင့်က အတည်ပြု ပြောကြား သွားခဲ့သည်။
ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံ ခံစစ်မှူးသည် စပိန်ကလပ်၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီးနောက် နွေရာသီတွင် အသင်းသစ် ရှာဖွေရန် သေချာသလောက် ရှိလာခဲ့သည်။ အဲလ်ဗက်စ်၏ အေးဂျင့်ဖြစ်သူ ဒီနိုရာ ဆန်တာနာက အသက်(၃၁)နှစ်ရှိ ကစားသမားသည် (၃)နှစ် သက်တမ်းတိုး စာချုပ်ကို လက်ခံသော်လည်း တစ်ရာသီ ပွဲစဉ်အားလုံး၏ (၆၀)ရာခိုင်နှုန်းမျှကိုသာ ကစားရမည်ဆိုသော ကန့်သတ်ချက်ကို စိတ်ပျက်နေကြောင်း ဆိုသည်။ ၎င်းက အဆိုပါ သတ်မှတ်ချက်သည် (၃)နှစ်စာချုပ်ပင် ဖြစ်သော်လည်း (၁)နှစ် စာချုပ်သဘောမျိုးသာ သက်ရောက်သွားကြောင်း မှတ်ချက်ပြုခဲ့သည်။
“အဲလ်ဗက်စ်က (၃)နှစ် စာချုပ်ကို လက်ခံချင်ပါတယ်။ ဒါပေမဲ့ တစ်ရာသီလုံး ပွဲအားလုံးရဲ့ (၆၀)ရာခိုင်နှုန်းလောက်ပဲ ကစားခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကတော့ အဆင်မပြေပါဘူး။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ (၁)နှစ် သက်တမ်းတိုး စာချုပ်တာနဲ့ ဘာမှမထူးဘူး”ဟု ဆန်တာနာက ဆိုသည်။ ၎င်းက “ဘာစီလိုနာကလည်း ကျွန်တော်တို့ဘက်က လိုလားတဲ့ အခြေအနေမျိုး လိုက်လျောမှာ မဟုတ်ဘူးလို့ လောလောဆယ် အသိပေးထားပါပြီ”ဟုလည်း ပြောကြားခဲ့သည်။ ထို့ကြောင့် အဲလ်ဗက်စ်သည် နူးကမ့်ကို စွန့်ခွာရန် သေချာသလောက် ရှိလာခဲ့သည်။
၎င်းသည် (၂၀၀၈)ခုနှစ်တွင် ဆီဗီးလားမှ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာတွင် ဆုဖလား (၁၆)လုံးထိ ဆွတ်ခူး ရရှိခဲ့သည်။ ဘာစီလိုနာအတွက် ပွဲပေါင်း(၃၀၀)ကျော် ကစားပေးထားသည့် ဝါရင့် ခံစစ်မှူးကို မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်အသင်းအချို့က စောင့်ကြည့်နေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment