Pages

Subscribe:

Friday, April 10, 2015

မန်ချက်စတာ ဒါဘီတွင် ပရိသတ် ပြုံးပန်းဆင်နိုင်အောင် ကူညီသွားလိုဟု ရွန်နီဖွင့်ဟ



မန်ချက်စတာ ဒါဘီတွင် ပရိသတ် ပြုံးပန်းဆင်နိုင်အောင် ကူညီသွားလိုဟု ရွန်နီဖွင့်ဟ

မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ပရိသတ်များ ပြုံးပန်း ဆင်နိုင်အောင် စွမ်းဆောင် ပေးသွားလိုကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဝိန်းရွန်နီက ပြောကြားလိုက်သည်။
မန်စီးတီးသည် နောက်ဆုံးဒါဘီ (၄)ပွဲဆက်တိုက် အနိုင်ရထားပြီး ယခုရာသီ ပရီးမီးယားလိဂ် ပထမအကျော့အဖြစ် အစ်တီဟတ်တွင် (၁-၀)ဖြင့် အောင်ပွဲခံထားသည်။ လတ်တလောတွင်မူ ယူနိုက်တက်၏ ခြေစွမ်းက အတက်ဘက် ဦးတည်ပြီး အမှတ်ပေးဇယား တတိယ နေရာတွင် မန်စီးတီးကို ကျော်တက်ပြီး ရပ်တည်လျက် ရှိသည်။ ရွန်နီက လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို အနိုင်ယူရေးသည် ယူနိုက်တက် ကစားသမား အားလုံးအတွက် တာဝန်တစ်ရပ်ဟု မှတ်ချက်ပြုခဲ့သည်။
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် အနေဖြင့်လည်း တာဝန် ယူထားသည့် ရွန်နီက ဒါဘီပွဲစဉ်နှင့် ပတ်သက်ပြီး “ကျွန်တော်တို့ အားလုံးဟာ ယူနိုက်တက် ပရိသတ်တွေ ပြုံးပျော်သွားဖို့ ဖန်တီးပေးချင်ပါတယ်။ တနင်္လာနေ့မနက် သူတို့တွေ အလုပ်သွားချိန်မှာ ပြုံးရွှင်နေတာမျိုးပေါ့။ အလုပ်ခွင်မှာ မန်စီးတီး ပရိသတ်တွေကို သူတို့က အထက်စည်းက ပြောဆိုနိုင်တာမျိုး ကျွန်တော်တို့ ဖြစ်စေချင်ပါတယ်”ဟု MUTVသို့ ပြောကြားခဲ့သည်။ အသက်(၂၉)နှစ်ရှိ ရွန်နီက “ဒီပွဲဟာ ယူနိုက်တက်နဲ့ စီးတီးတို့အတွက် သိပ်ကို အရေးကြီးပါတယ်။ ပရိသတ်တွေ အတွက်ရော၊ ကျွန်တော့်အတွက်ရောပေါ့။ ဒီပွဲမျိုးဟာ သိက္ခာကို အရင်းတည်ရတာမျိုးပါ”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment