Pages

Subscribe:

Friday, April 10, 2015

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရန် ချယ်လ်ဆီး ယုံကြည်မှု မြင့်မြင့်မားမား ရှိနေဟု ဟာဇက်ဆို



ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရန် ချယ်လ်ဆီး ယုံကြည်မှု မြင့်မြင့်မားမား ရှိနေဟု ဟာဇက်ဆို

မိမိကိုယ်ကိုယ် ယုံကြည်ချက် မြင့်မြင့်မားမား ရှိနေခြင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချယ်လ်ဆီး အသင်း ဆွတ်ခူးရန် အဓိက တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု အီဒင်ဟာဇက်က ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် လတ်တလောတွင် အမှတ်ပေးဇယား ဒုတိယ နေရာမှ အာဆင်နယ်ထက် (၁)ပွဲလျော့ ကစားပြီး (၇)မှတ် အသာဖြင့် ဦးဆောင်လျက် ရှိသည်။ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးရန် (၈)ပွဲသာ ကျန်ရှိတော့ချိန်၌ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံ တိုက်စစ်သမား ဟာဇက်က ချယ်လ်ဆီးအနေဖြင့် (၂၀၀၉-၁၀) ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံ ပြန်ဖြစ်လာရန် ယုံကြည်မှု အပြည့်ရှိကြောင်း ကြွေးကြော်ခဲ့သည်။ သို့သော်လည်း မိမိတို့အားလုံး အပြည့်အဝ စူးစိုက် ရှေ့ဆက်ရန် လိုကြောင်းလည်း ဟာဇက်က အသင်းဖော်များအား သတိပေးခဲ့သည်။
ဟာဇက်က “ကျွန်တော်တို့ဟာ အသင်းတစ်သင်း အနေနဲ့ ယုံကြည်မှု အပြည့်အဝ ရှိနေပါတယ်။ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ပထမနေရာ ရောက်နေပြီး ရှေ့ဆက် တစ်ပွဲချင်းစီ ရလဒ်ကောင်းအောင် ကြိုးစားသွားရပါမယ်”ဟု ဆိုသည်။ ဟာဇက်က “ကျွန်တော်တို့ဟာ စတုတ်ခ်စီးတီးနဲ့တွေ့တဲ့ နောက်ဆုံးပွဲမှာ ဘောလုံးကို လှလှပပ ကစားနိုင်ခဲ့ပြီး သုံးလေးဂိုးလောက်တောင် ရခဲ့သင့်တာပါ။ ဒါပေမဲ့ အရေးအကြီးဆုံးက အနိုင်ရဖို့ပါပဲ။ ကျွန်တော်တို့အားလုံး ပရီးမီးယားလိဂ် ဆုဖလားကြီးကို စတမ်းဖို့ဒ်ဘရစ်ဂ်ျဆီ သယ်သွားချင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment