Thursday, April 9, 2015
ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူနေရသည့် ဝီလ်ရှား အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ပြန်လည်ပါဝင်လာမည်
ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူနေရသည့် ဝီလ်ရှား အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ပြန်လည်ပါဝင်လာမည်
ဝီလ်ရှားသည် စတုတ်ခ်စီးတီးနှင့် ကစားခဲ့သည့် အသက် ၂၁ နှစ်အောက် အာဆင်နယ် အသင်းတွင် ပါဝင် ကစားခဲ့ပြီးနောက် အင်္ဂါနေ့တွင် ယှဉ်ပြိုင် ကစားမည့် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ အာဆင်နယ် ကွင်းလယ် ကစားသမားသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် နိုဝင်ဘာလကတည်းက အသင်းတွင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိဘဲ ဖေဖော်ဝါရီလတွင် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
ယခုအခါတွင် ဝီလ်ရှားသည် အသင်းနှင့် လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး စတုတ်ခ်စီးတီး အရန်အသင်းနှင့် ကစားသည့် ပွဲတွင် ပါဝင်ကစားခဲ့သည်။
၎င်းသည် ဒဏ်ရာမှ ပြန်လည်သက်သာ လာသည့် မီကယ်အာတီတာ၊ အဘူဒီယာဘီတို့နှင့်အတူ အာဆင်နယ် ကွင်းလယ်တွင် ပါဝင်လာဖွယ်ရှိသည်။ ထို့အပြင် ဆာဂျီနာဘရီသည်လည်း အာဆင်နယ်အသင်း၏ ပွဲထွက်စာရင်းတွင် ပါဝင်လာမည်ဟု သိရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment