Pages

Subscribe:

Monday, April 6, 2015

အာဆင်နယ်နှင့်ပွဲ လူစာရင်းမှ ၎င်း၏ သဘောအတိုင်း ဘာလော့တယ်လီ နုတ်ထွက်သွားဟု ရော့ဂျာဆို



အာဆင်နယ်နှင့်ပွဲ လူစာရင်းမှ ၎င်း၏ သဘောအတိုင်း ဘာလော့တယ်လီ နုတ်ထွက်သွားဟု ရော့ဂျာဆို

အာဆင်နယ်နှင့်ပွဲ မကစားမီ မာရီယို ဘာလော့တယ်လီ အနေဖြင့် အသင်းလူစာရင်းမှ ၎င်း၏ သဘောဆန္ဒအတိုင်း နုတ်ထွက်သွားခဲ့ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားလိုက်သည်။

အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်သည် အာဆင်နယ်ကို အမ်းမရိတ်စ်၌ (၄-၁)ဖြင့် အရေးနိမ့်ခဲ့ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပါဝင်ခွင့်အတွက် မျှော်လင့်ချက် အားနည်းသွားခဲ့သည်။ အီတလီ လက်ရွေးစင် ဘာလော့တယ်လီသည် ယခင်ကတည်းက ပြဿနာ အမျိုးမျိုး ရှာခဲ့ဖူးသူဖြစ်ပြီး ယခုလုပ်ရပ်ကြောင့် ၎င်း၏ အန်းဖီးလ် အနာဂတ်သည် ပိုမို၍ မရေမရာ ဖြစ်လာသည်။ ရော့ဂျာက လေ့ကျင့်ရေးကွင်းတွင် အတန်ငယ်မျှ ထိခိုက်မှု ရှိခဲ့ရုံဖြင့် ဘာလော့တယ်လီသည် အမ်းမရိတ်စ်သို့ လိုက်ပါခြင်း မပြုရန် မိမိသဘောအတိုင်း ဆုံးဖြတ်သွားကြောင်း ဆိုသည်။

ရော့ဂျာက “ဘာလော့တယ်လီက သောကြာနေ့ ညနေပိုင်းထိ အသင်းနဲ့အတူ လေ့ကျင့်နေပါသေးတယ်။ နောက်တော့ ဒူးမှာ နည်းနည်း ထိမိသွားတယ် ပြောတယ်။ နောက်တော့ ဒီပွဲအတွက် သူမလိုက်နိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်က ဆေးဝန်ထမ်း မဟုတ်ဘူး။ သူကတော့ ခရီးသွားဖို့အတွက် အဆင်မပြေလောက်အောင် နာနေတယ်လို့ ဆိုပါတယ်။ ကြည့်ရတာတော့ အဝေးကွင်းမှာ သွားကစားဖို့ အသင်းနဲ့အတူ မလိုက်နိုင်လောက်အောင် တစ်ခုခု မသက်မသာ ခံစားနေရတယ် ထင်တယ်”ဟု ပြောကြားသွားသည်။

ဘာလော့တယ်လီသည် ယခုရာသီ လီဗာပူးလ်တွင် (၂၅)ပွဲ၌ (၄)ဂိုးသာ သွင်းယူထားပြီး လာမည့်ရာသီ အန်းဖီးလ်၌ ဆက်ရှိမရှိ ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး မေးခွန်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment