Monday, April 6, 2015
လီဗာပူးလ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရန် မဖြစ်နိုင်ကြောင်း ကာရေဂါ ပြောကြား
လီဗာပူးလ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရန် မဖြစ်နိုင်ကြောင်း ကာရေဂါ ပြောကြား
စနေနေ့က အာဆင်နယ်ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါး အခြေအနေတွင် ရှိနေကြောင်း လီဗာပူးလ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက ပြောကြားလိုက်သည်။
လီဗာပူးလ်သည် အမ်းမရိတ်ကွင်းတွင် ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် လက်ကျန် ၇ ပွဲ ကစားရန် ကျန်ရှိနေချိန်တွင် အာဆင်နယ်နှင့် ၉ မှတ်အကွာသို့ ရောက်ရှိသွားခဲ့သည်။ ပွဲအပြီးတွင် ရော်ဂျာက မိမိ၏အသင်း အနေဖြင့် ထိပ်ဆုံးလေးသင်းတွင် ရပ်တည်နိုင်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ထို့နောက် ကာရေဂါက လီဗာပူးလ်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် မှေးမှိန်ရခြင်းသည် မတ်လ ၂၂ ရက်က မန်ချက်စတာယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရလဒ်ကြောင့် ဖြစ်ကြောင်း ဆိုခဲ့သည်။
“အခုအချိန်မှာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ဆိုတာက မဖြစ်နိုင်သလောက်နီးပါး အခြေအနေပါ။ မန်ချက်စတာယူနိုက်တက် အနေနဲ့ မန်စီးတီး၊ ချယ်ဆီးတို့နဲ့ ပွဲကျပ် ကစားရဖို့ရှိပါတယ်။ သူတို့အနေနဲ့ အဲ့ဒီနှစ်ပွဲကို ရှုံးနိမ့်ပြီး လီဗာပူးလ်က နှစ်ပွဲဆက် အနိုင်ရမှ ချန်ပီယံလိဂ်ဝင်ခွင့် လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ။ ဒါပေမဲ့ လက်ရှိ ယူနိုက်တက်ရဲ့ ခြေစွမ်းအရ လာမယ့်နှစ်ပွဲကို သူတို့ရှုံးနိမ့်လိမ့်မယ်လို့ မထင်ပါဘူး။ လီဗာပူးလ်က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာက ချန်ပီယံလိဂ် ဝင်ခွင့် လမ်းကြောင်းကနေ သွေဖည်ရခြင်းရဲ့ အဓိကအချက် ဖြစ်ပါတယ်” ဟု ကာရေဂါက ပြောကြားခဲ့သည်။
လီဗာပူးလ်သည် ဗုဒ္ဓဟူးနေ့တွင် ဘလက်ဘန်းနှင့် အက်ဖ်အေဖလား ဆဌမအဆင့် ပြန်ကန်ပွဲစဉ် ကစားရမည် ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးလ်တွင် နယူးကာဆယ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment