Pages

Subscribe:

Friday, April 10, 2015

PSVမှ ဒီပေး ထွက်ခွာရန် သေချာသလောက်ရှိလာဟု အသင်းဒါရိုက်တာ ဝန်ခံ



PSVမှ ဒီပေး ထွက်ခွာရန် သေချာသလောက်ရှိလာဟု အသင်းဒါရိုက်တာ ဝန်ခံ

PSV အင်ဒိုဗန် တောင်ပံတိုက်စစ်မှူး မမ်ဖစ်ဒီပေး အနေဖြင့် ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် အလွန်သေချာနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဒတ်ခ်ျလိဂ်တွင် (၂၅)ပွဲကစားပြီး (၁၉)ဂိုး သွင်းယူထားသည့် နယ်သာလန် လက်ရွေးစင် လူငယ်ခြေတက်လေးကို မန်ချက်စတာ ယူနိုက်တက်က ချိတ်ဆက်နေပြီး မန်ချက်စတာ စီးတီးနှင့် တော့တင်ဟမ် ဟော့စပါးတို့ကလည်း စောင့်ကြည့်နေသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် နယ်သာလန် နည်းပြအဖြစ် တာဝန်ယူစဉ်က ဒီပေးကို အသင်း၌ ခေါ်ယူ နေရာပေးခဲ့ပြီး ရာသီကုန်တွင်လည်း ယူနိုက်တက်အတွက် ဝယ်ယူသွားမည်ဟု သတင်းများ အခိုင်အမာ ထွက်ပေါ်နေသည်။
အသက်(၂၁)နှစ် အရွယ်ရှိ ဒီပေးသည် လာမည့်ရာသီတွင် ဖိလစ် စတေဒီယမ် ကွင်းကြီးအတွင်း ဆက်ရှိရန် ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း PSV၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ မာဆယ်လ် ဘရန်းစ်က ဝန်ခံခဲ့သည်။ ၎င်းက “သူအသင်းက ထွက်သွားဖို့ ဖြစ်နိုင်ခြေက အရမ်းမြင့်ပါတယ်။ သူ့အကြောင်း စုံစမ်းနေတဲ့ အသင်းတွေကိုလည်း ကြည့်ဦးလေ။ ဥရောပမှာ အကောင်းဆုံး အဆင့်မျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်က PSVကို ကိုယ်စားပြုပြီး ပြောရရင်တော့ သူဟာ ရင့်ကျက်ဖို့ လိုပါသေးတယ်။ နောက်တစ်နှစ်လောက် အသင်းမှာ ကစားစေချင်သေးတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ ပြောရရင်တော့ ကျွန်တော်သာ ဥရောပ ကလပ်အသင်းကြီး တစ်ခုခုအတွက် အလုပ်လုပ်နေရင် ဒီပေးကို ဘာမေးခွန်းမှ ထုတ်မနေဘဲ ဝယ်လိုက်မှာပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment