Pages

Subscribe:

Sunday, March 1, 2015

ဘာစီလိုနာ အသင်းတွင်သာ မက်ဆီ၏ ကစားသမားဘဝ ကုန်ဆုံးလိမ့်မည်ဟု မော်ရင်ဟို ဆို



ဘာစီလိုနာ အသင်းတွင်သာ မက်ဆီ၏ ကစားသမားဘဝ ကုန်ဆုံးလိမ့်မည်ဟု မော်ရင်ဟို ဆို
Written by  အောင်ငြိမ်းသွေး
 (အင်္ဂလန်)။ ။ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီအနေဖြင့် ဘာစီလိုနာ အသင်းတွင်သာ ၎င်း၏ ကစားသမားဘဝကို ကုန်ဆုံးလိမ့်မည်ဟု ယုံကြည်ကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။
မက်ဆီသည် အသက် ၁၃ နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့ပြီး စပိန်ပြည်တွင်း ဖလားအားလုံး၊ ချန်ပီယံလိဂ်ဖလားနှင့်
ဖီဖာကမ္ဘာ့ ကလပ်ဖလားတို့ကို ရယူပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ် ရရှိခဲ့သည်။

ယခုရာသီတွင် မက်ဆီ၏ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော်လည်း မော်ရင်ဟိုက ဘာစီလိုနာကို မက်ဆီစွန့်ခွာသွားလိမ့်မည်ဟု လုံးဝမခံစားရကြောင်း ပြောသည်။

'ဘာစီလိုနာကို မက်ဆီစွန့်ခွာသွားတာ မြင်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာမှာ မက်ဆီ တစ်သက်လုံး ကစားသွားမယ်လို့ ခံစားရပါတယ်။ ဘာစီလိုနာလိုအသင်းအတွက် မက်ဆီရဲ့ အရေးပါမှုအပေါ်မူတည်ပြီး ကျွန်တော့်ရဲ့ ခံစားချက်ဖြစ်လာတာပါ။ ဘာစီလိုနာကလည်း မက်ဆီကို ထွက်ခွာခွင့်ပေးလိမ့် မယ်လို့ မထင်ပါဘူး။ ကျွန်တော်မှားကောင်း မှားနိုင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ ဒါက ကျွန်တော့ရဲ့ ခံစားချက်ပါပဲ' ဟု မော်ရင်ဟိုက ပြောသည်။
ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

Mizzima

0 comments:

Post a Comment