အမှတ်ပေးဇယား
ရပ်တည်မှုထက် အသင်း၏ ကစားပုံကိုသာ ပိုအလေးထားကြောင်း ကိုးလ်မန်းပြော
Written
by အောင်ငြိမ်းသွေး
(အင်္ဂလန်)။ ။ ဝက်စ်ဘရွန်း အသင်းအား ၁-၀ ဂိုးဖြင့်
ရှုံးနိမ့်ပြီးနောက်တွင် ဆောက်သမ်တန်နည်းပြ ကိုးလ်မန်းက အမှတ်ပေးဇယား ရပ်တည်မှုထက် အသင်း၏
ကစားပုံ ကောင်းမွန်ရန်သာပို၍ အလေးထားကြောင်း ပြောဆိုလိုက်သည်။
ဆောက်သမ်တန်
အသင်းသည် ထိုပွဲစဉ်တွင် ပွဲချိန် ၂ မိနစ်ကတည်းက ဘရာဟီနို၏ ဂိုးကို ခွင့်ပြုခဲ့ရသည်။
ထို့ကဲ့သို့ စောစောစီးစီး ဂိုးပေးခဲ့ရသည့်အတွက် ဆောက်သမ်တန်နည်းပြ ကိုးလ်မန်းသည် ပွဲချိန်
၂၅ မိနစ်အတွင်းမှာပင် ၃-၅-၂ ကစားကွက်သို့ ပြောင်းလဲ ကစားစေခဲ့သည်။ သို့သော် ပွဲချိန်
ပြည့်သည်အထိ ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ယခုပွဲတွင် ရှုံးနိမ့်ခဲ့ရသည့်
အတွက် ဆောက်သမ်တန် အသင်းသည် အဆင့်လေးနေရာနှင့် လေးမှတ်ကွာဟ သွားပြီဖြစ်သည်။
ကိုးလ်မန်းက
'ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးပါဘူး။ ဘာကြောင့်လဲဆိုတော့
ပရီးမီးယားလိဂ်မှာ ဒီနေရာအတွက် ပုံမှန်တိုက်ပွဲဝင်နေကျ အသင်းကြီးတွေရှိနေလို့ပါ။
အမှတ်ပေးဇယားရပ်တည်မှုကို
ကျွန်တော် အာရုံမထားပါဘူး။ အသင်းရဲ့ ကစားကွက်ကောင်းမွန်နေဖို့ကိုပဲ ဂရုစိုက်ပါတယ်။
ဒါက အကောင်းဆုံးအဖြေပါပဲ။ ဒီအချိန်အထိလည်း ဒါက အကောင်းဆုံးအဖြေဖြစ်နေပါသေးတယ်' ဟု ပြောသည်။
ထို့နောက်ဆက်လက်ပြီး ကိုးလ်မန်းက ၎င်း၏ကစားကွက်အား ဝေဖန်နေမှုများနှင့် နောက်ဆုံးပရီးမီးယားလိဂ်ဆယ်ပွဲတွင်
ဂိုးပေါက် ပျောက်နေသည့် တိုက်စစ်မှူး
ပယ်လီကို
ကာကွယ်ပြောဆိုခဲ့သည်။
'နောက်တစ်ကြိမ်မှာလည်း
၃-၅-၂ ကစားကွက်ကို ကျွန်တော်အသုံးပြုဦးမှာပါ။ ဒီကစားကွက်နဲ့ ဒီရာသီမှာ နှစ်ပွဲ၊ သုံးပွဲလောက်
ကစားခဲ့ရာမှာ
ပွဲတိုင်းနိုင်ခဲ့ပါတယ်။
ကစားသမားတွေက ဒီကစားကွက်ကို နားလည်ပြီးသားပါ။
ဒီကစားကွက်နဲ့
ကစားဖို့ အံ့ဝင်မယ့် ကစားသမားတွေလည်း ကျွန်တော့်အသင်းမှာ ရှိပါတယ်။ ရာသီအစကထက်စရင်
လက်ရှိမှာ တစ်သင်းလုံးရဲ့ ပုံစံက အနည်းငယ်ကျဆင်းနေပါတယ်။ အသင်းရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့
ယုံကြည်မှုလည်း အနည်းငယ် ကျဆင်းတာတော့အမှန်ပါပဲ။ ဒါကို ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့
ကြိုးစားနေပါတယ်' ဟု ကိုးလ်မန်းက ပြောသည်။
ရည်ညွှန်း
- ဂိုးလ်ဒေါ့ကွန်း
Mizzima
0 comments:
Post a Comment