Tuesday, March 10, 2015
ဝဲလ်ဘက်၏ စိတ်ဓာတ် ခိုင်မာမှုကို ဝင်းဂါးချီးကျူး
ဝဲလ်ဘက်၏ စိတ်ဓာတ် ခိုင်မာမှုကို ဝင်းဂါးချီးကျူး
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အိုးလ်ထရက်ဖို့ဒ်တွင် အနိုင်ဂိုး သွင်းနိုင်ခဲ့ခြင်းသည် ဒန်နီဝဲလ်ဘက်၏ စိတ်ဓာတ် ခိုင်မာမှုအတွက် ရရှိလာသော ဆုလာဘ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။
နွေရာသီ ဈေးကွက်တွင် မန်ချက်စတာ ယူနိုက်တက် ရောင်းထုတ်ခဲ့သည့် အင်္ဂလန် လက်ရွေးစင်သည် အသင်းဟောင်း၏ အိမ်ကွင်းတွင် အနိုင်ဂိုးသွင်းကာ အာဆင်နယ်ကို (၂-၁)ဖြင့် အောင်ပွဲရစေပြီး FAဖလား အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ကူညီခဲ့သည်။ ဝင်းဂါးသည် ယခုပွဲတွင် ၎င်း၏ စိတ်ကြိုက် တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်ကိုကျော်ပြီး ဝဲလ်ဘက်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြု ပွဲထုတ်ခဲ့သည်။ ပွဲအပြီးတွင် သူရဲကောင်း ဖြစ်လာသည့် ဝဲလ်ဘက်နှင့် ပတ်သက်ပြီး ဝင်းဂါးက မိမိသည် ကစားသမား အနေဖြင့် အသင်းဟောင်းကို ရင်ဆိုင်ရန် အပြည့်အဝ စိတ်ဓာတ်ခွန်အား ရှိသည်ဟု ယုံကြည်ပေးခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
၎င်းက “သူ့အသင်းဟောင်းနဲ့ ပြန်ကစားရချိန်မှာ သူ့အနေနဲ့ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ကျွန်တော်တို့အားလုံး လိုလားခဲ့ကြတယ်။ သူဟာ တကယ် ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက်ဆိုတာ ပြသနိုင်ဖို့ပေါ့။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးကို လက်တွေ့ ကိုင်တွယ်ရဖို့ ဆိုတာက သူ့အတွက် မလွယ်ပါဘူး။ ဒါပေမဲ့ ဝဲလ်ဘက်က သူ့ခြေစွမ်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ခဲ့တယ်။ တခြား ဘာကိုမှ မတွေးခဲ့ဘူး။ ဘောလုံးကို အကောင်းဆုံး ကစားနိုင်ခဲ့ပြီး သူ့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို သက်သေ ပြသွားတယ် ထင်ပါတယ်”ဟု ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment