Pages

Subscribe:

Friday, March 13, 2015

နွေရာသီတွင် ရီးယဲလ် လူငယ် ခံစစ်မှူး ဗာရာနီကို ချယ်လ်ဆီး ချဉ်းကပ်ဖွယ်ရှိ



နွေရာသီတွင် ရီးယဲလ် လူငယ် ခံစစ်မှူး ဗာရာနီကို ချယ်လ်ဆီး ချဉ်းကပ်ဖွယ်ရှိ

ချယ်လ်ဆီး အသင်းသည် နွေရာသီ ဈေးကွက် ကာလတွင် ရီးယဲလ်မက်ဒရစ် နောက်ခံလူ ရာဖာရဲလ် ဗာရာနီကို ခေါ်ယူရန် တစ်ကျော့ပြန် ကြိုးပမ်းလာဖွယ် ရှိနေကြောင်း သိရသည်။

ချန်ပီယံလိဂ်တွင် PSGကို အဝေးဂိုး စည်းမျဉ်းအရ အရေးနိမ့် ထွက်ခွာခဲ့ရပြီးနောက် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် အသင်း၏ ဗဟိုခံစစ်ကို ပိုမိုအင်အားတောင့်တင်းအောင် အားဖြည့်လာဖွယ် ရှိနေသည်။ အသက်(၂၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဗာရာနီသည် ရီးယဲလ်ကို မော်ရင်ဟို နည်းပြအဖြစ် တာဝန်ယူစဉ် ကတည်းက ၎င်းအနှစ်သက်ဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့သည်။ ဗာရာနီ၏ စာချုပ်တန်ကြေးသည် ပေါင်စတာလင် သန်း(၄၀)ဖြစ်ပြီး ချယ်လ်ဆီးက ယင်းအတွက် ရီးယဲလ်ကို သွေးတိုးစမ်းလာမည့် အလားအလာ ရှိနေသည်။

ဗာရာနီကို ဆယ်ကျော်သက် လူငယ်ကစားသမား ဘဝတွင် ရီးယဲလ် ဂန္ထဝင် ကစားသမားဟောင်း ဇနီဒင်းဇီဒန်းက ဘာနေဗျူးသို့ ဆွဲဆောင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယခုရာသီ ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီ၏ အသင်းတွင် ပီပီနှင့် ဆာဂျီယို ရာမို့စ်တို့ကို ဦးစားပေး ဗဟိုခံစစ်အတွဲအဖြစ် အသုံးပြုနေခြင်းအပေါ် စိတ်ပျက်နေပြီး ယင်းကို မော်ရင်ဟိုက အခွင့်အရေး ယူဖွယ်ရှိနေသည်။ မန်ချက်စတာ ယူနိုက်တက်သည်လည်း (၂၀၁၁)ခုနှစ်က ၎င်းတို့ အလေးအနက် ကြိုးစားပြီး ရီးယဲလ်ကို အရှုံးပေးလိုက်ရသည့် ပစ်မှတ်ဟောင်းကို စောင့်ကြည့်လျက် ရှိသည်။

ဗာရာနီသည် ထိုစဉ်က လန်းစ် အသင်းတွင် ရှိနေပြီး ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ဝယ်ယူရန် အားထုတ်ခဲ့သော်လည်း ကစားသမားက ရီးယဲလ်ကို ရွေးချယ်သွားခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် အသက်(၃၄)နှစ် ရှိနေပြီဖြစ်သည့် ဂျွန်တယ်ရီ နေရာတွင် အစားထိုးရန်နှင့် ဥရောပ ပွဲစဉ်များတွင် အမှားအယွင်းများ ကြုံရတတ်သည့် ဂယ်ရီကာဟေးလ်တို့ကြောင့် သွေးသစ် ဗဟိုခံစစ်မှူးကောင်း တစ်ဦးကို ခေါ်ယူရန် လိုလားနေသည်။ ယူနိုက်တက်တွင်လည်း မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က နွေရာသီတွင် ဗဟိုနောက်ခံ ကစားသမားသစ် တစ်ဦး ဝယ်ယူရန် စီစဉ်နေရာ ဗာရာနီ၏ အခြေအနေကို ထည့်သွင်း စဉ်းစားဖွယ် ရှိနေကြောင်း သိရသည်။

Soccer Myanmar


0 comments:

Post a Comment