Tuesday, March 10, 2015
အိုးလ်ထရက်ဖို့ဒ် နိုင်ပွဲက ချန်ပီယံလိဂ်တွင် တွန်းအားဖြစ်လာရန် ဝင်းဂါးမျှော်လင့်
အိုးလ်ထရက်ဖို့ဒ် နိုင်ပွဲက ချန်ပီယံလိဂ်တွင် တွန်းအားဖြစ်လာရန် ဝင်းဂါးမျှော်လင့်
မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့ခြင်းသည် ချန်ပီယံလိဂ်တွင် အသက်ဆက်ရန် အာဆင်နယ်အတွက် စိတ်ဓာတ်ခွန်အားတစ်ရပ် ဖြစ်စေမည်ဟု မန်နေဂျာ အာစင်ဝင်းဂါးက မျှော်လင့်လျက် ရှိသည်။
အာဆင်နယ်သည် အဝေးကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို (၂-၁)ဖြင့် အနိုင်ယူကာ FAဖလား ချန်ပီယံဆုကို ကာကွယ်ရန် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ ဝင်းဂါးသည် အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင်မူ အခြေမလှ ဖြစ်နေပြီး ပြင်သစ်ကလပ် မိုနာကိုကို အိမ်ကွင်းတွင် (၃-၁)ဖြင့် အရေးနိမ့်ထားသည်။ သို့သော်လည်း အိုးလ်ထရက်ဖို့ဒ် နိုင်ပွဲက ကြားရက်တွင် ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြင်သစ်သား မန်နေဂျာကြီးက မှတ်ချက်ပြုခဲ့သည်။
၎င်းက “ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ရှေ့ဆက် ပါဝင် ယှဉ်ပြိုင်နေချင်ပါသေးတယ်။ အခုပွဲ ရလဒ်ဟာ ပရီးမီးယားလိဂ်၊ FAဖလားတို့အပြင် ချန်ပီယံလိဂ်မှာ မိုနာကိုနဲ့ ကစားမယ့် အဝေးကွင်း ပွဲစဉ်အတွက်ပါ စိတ်ဓာတ်ရေးရာအရ အရေးအကြီးဆုံး ဖြစ်လာစေတယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။ ၎င်းက “တကယ်တမ်း အရေးကြီးတဲ့ တစ်ချက်က ကိုယ့်အသင်း ကစားပုံ ကောင်းနေဖို့ ဆိုတာပါ။ ဒီပွဲမှာ ကျွန်တော်တို့အသင်း လက်တွေ့ကောင်းကောင်း ကစားနိုင်ခဲ့တယ် ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment