Thursday, March 12, 2015
မက်ဆီ၏ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာပြီဟု မာတီနို ပြောကြား
မက်ဆီ၏ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာပြီဟု မာတီနို ပြောကြား
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ Ballon d’Or ဆုကို လေးကြိမ်ဆက် ရရှိခဲ့သော ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ်မက်ဆီ အနေဖြင့် ၎င်း၏ အကောင်းဆုံး ခြေစွမ်း ပြန်လည်ရရှိလာပြီ ဖြစ်ကြောင်း အာဂျင်တီးနား နည်းပြ ဂါရတ်ဒိုမာတီနိုက ပြောကြားခဲ့သည်။
အသက် ၂၇ နှစ်အရွယ် မက်ဆီသည် ပြီးခဲ့သည့် ဘောလုံးရာသီ နှစ်ခုတွင် အကောင်းဆုံးခြေစွမ်း ရရှိရန် ရုန်းကန်ခဲ့ရသော်လည်း ၂၀၁၅ ခုနှစ်အစတွင် ခြေစွမ်းကောင်းများ ပြန်လည်ပြသနိုင်ခဲ့ပြီး လာလီဂါ ၁၀ ပွဲတွင် ၁၅ ဂိုး သွင်းယူနိုင်ခဲ့သည်။
မက်ဆီသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့ပြီး ပြိုင်ဘက် ရီးယဲမက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို၏ ယခုနှစ်ရာသီ လိဂ်ဂိုး ၃၀ ကို အမီလိုက်နိုင်ခဲ့သည်။ ထို့နောက် မက်ဆီ၏ ယခင်ခြေစွမ်းကောင်းများ ပြန်လည်မြင်တွေ့ရပြီ ဖြစ်ကြောင်း မာတီနိုက ဆိုခဲ့သည်။
“မက်ဆီရဲ့ ၂၀၁၅ ခုနှစ် ခြေစွမ်းက ပြိုင်ဘက်မရှိပါပဲ။ သူ့ရဲ့ ဂိုးသွင်းယူနိုင်မှု စွမ်းရည်နဲ့ သူသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ဒီထက်ပိုကောင်းဖို့ မရှိနိုင်ပါဘူး။ သူ့အနေနဲ့ ယခင်ခြေစွမ်း ပြန်ရနေပါပြီ” ဟု မာတီနိုက ပြောကြားခဲ့သည်။
မက်ဆီသည် ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်၌ ၃၈ ပွဲကစားပြီး ၄၁ ဂိုး သွင်းယူထားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment