Friday, March 6, 2015
ဂစ်နှင့် ဆက်ဆံရေး မပြေလည် ဆိုခြင်းကို ဗန်ဂါးလ်ငြင်းဆို
ဂစ်နှင့် ဆက်ဆံရေး မပြေလည် ဆိုခြင်းကို ဗန်ဂါးလ်ငြင်းဆို
ရိုင်ယန်ဂစ်နှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိနေကြောင်း သတင်းများကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ငြင်းဆန် ပယ်ချသွားသည်။
နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပွဲပြီးခါနီး၌ အက်ရှ်လေယန်းက အနိုင်ဂိုး သွင်းခဲ့ရာတွင် ဗန်ဂါးလ်က အောင်ပွဲခံသော်လည်း လက်ထောက်မန်နေဂျာ ဂစ်က တုံဏှိဘာဝေ ရှိနေခဲ့သည်။ အဆိုပါ ပုံရိပ်ကို မီဒီယာများက ဖော်ပြခဲ့ပြီး ဗန်ဂါးလ်က ဂစ်၏ပါးကို ပုတ်၍ အောင်ပွဲခံနေသည့်တိုင် ဝေလသား၏ တုံ့ပြန်မှုက အလွန်အေးစက်နေခြင်းအပေါ် မေးခွန်းထုတ်ခဲ့သည်။ ကြာသပတေးနေ့တွင်မူ သတင်းစာ ရှင်းလင်းပွဲ၌ နယ်သာလန်သား မန်နေဂျာကြီးက အဆိုပါ မေးခွန်းများနှင့် ပတ်သက်ပြီး ငြင်းချက်ထုတ် ရှင်းလင်းသွားသည်။
ဂစ်နှင့် ဆက်ဆံရေးကို မီဒီယာများက မေးမြန်းရာတွင် ဗန်ဂါးလ်က “ဆိုးတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက တော်တော်ဆိုးတယ်”ဟု နောက်နောက်ပြောင်ပြောင်နှင့် တုံ့ပြန်ခဲ့သည်။ ၎င်းက “ဒီမေးခွန်းကို ကျွန်တော် စိတ်တော့တိုမိတယ်။ လူတိုင်းမြင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဆက်ဆံရေး အကောင်းဆုံးရှိပြီး အတူလက်တွဲ အလုပ်လုပ်နေတယ် ဆိုတာကိုပါ။ ဂစ်တင် မကဘူး၊ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေ အားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ပါတယ်။ ခင်ဗျားတို့ရဲ့ မေးခွန်းကတော့ အခြေအနေ တစ်ရပ်ရပ်ကို ဦးတည်အောင် လမ်းကြောင်းပေးသလို ဖြစ်နေတယ်။ ဒီတော့ ကျွန်တော် စိတ်ဆိုးတယ်။ ကျွန်တော် မီဒီယာတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကို ပြောမယ်။ ခင်ဗျားတို့ ရေးနေတဲ့ကိစ္စတွေမှာ (၉၀)ရာခိုင်နှုန်းက တကယ်ဖြစ်နေတာ မဟုတ်ဘူး”ဟု ဖြေကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment