Pages

Subscribe:

Monday, March 9, 2015

မန်စီးတီးအတွက် ခြေစွမ်းပြနိုင်မည်ဟု တိုက်စစ်မှူးသစ် ဘိုနီယုံကြည်



မန်စီးတီးအတွက် ခြေစွမ်းပြနိုင်မည်ဟု တိုက်စစ်မှူးသစ် ဘိုနီယုံကြည်

မန်ချက်စတာစီးတီးအတွက် ဂိုးများစွာ သွင်းယူသွားနိုင်မည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူး ဝီလ်ဖရိုက်ဒ် ဘိုနီက ထုတ်ဖော် ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးသည် ဇန်နဝါရီ ဈေးကွက်ကာလအတွင်း အိုင်ဗရီကို့စ် လက်ရွေးစင် ဘိုနီကို ဆွမ်ဆီးစီးတီးထံမှ ပေါင်စတာလင် (၂၅)သန်းဖြင့် ဝယ်ယူခဲ့သည်။ ဘိုနီသည် လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် အသင်းသစ်အတွက် ပွဲထွက်ကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်သေးချေ။ ၎င်းသည် ယခင်က ဂိုးမိုးခေါင်သည့် မှတ်တမ်းမျိုး ရှိခဲ့ပြီး ဆွမ်ဆီး ကစားသမားဘဝ အစပိုင်းတွင် (၇)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သည်။ ထို့နောက်တွင်မူ ပရီးမီးယားလိဂ် (၁၀)ပွဲ၌ (၈)ဂိုး သွင်းယူကာ ၎င်း၏ အရည်အသွေးမှန်ကို ပြသခဲ့သည်။

ဘိုနီက မန်စီးတီးသို့ ရောက်ရှိလာချိန်တွင်လည်း ခြေစွမ်းပြပြီး ဂိုးများ သွင်းယူနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ “ကျွန်တော် အင်္ဂလန်ကို စရောက်တော့ ဖိအားတွေ အများကြီးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နယ်သာလန်လိဂ်ကနေ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကို ကူးလာတာလေ။ ဆွမ်ဆီးမှာ ပထမဆုံး သီတင်းပတ်တချို့ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒီတော့ ဖိအားတွေက တစ်ကျော့ပြန် ပြင်းထန်လာတယ်။ ဒါပေမဲ့ ကောင်းသထက်ကောင်းအောင် ကြိုးစားတည်ဆောက်နေတဲ့ အခြေအနေတိုင်းမှာ ဖိအားတွေကို ရင်ဆိုင်ရမှာပါပဲ။ မန်စီးတီးကို ပြောင်းလဲတာဟာ ကျွန်တော့်အတွက် ကောင်းသော ခြေလှမ်းပါ။ ဒါပေမဲ့ အရမ်းကြိုးစားရပါမယ်။ အခွင့်အရေးတိုင်းကို အရယူပြီး ကျွန်တော့် အသင်းဖော်တွေနဲ့လည်း ပိုပြီး နားလည်မှု ရှိလာအောင် သင်ယူရပါမယ်”ဟု ဘိုနီက ဖွင့်ဟခဲ့သည်။

၎င်းက “အခုလောလောဆယ် အသင်းသစ်ကို ကျွန်တော်ရောက်နေတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ အထိုင်ကျအောင် လုပ်နေရတုန်းပါပဲ။ အသင်းက လူတွေ အနေနဲ့လည်း ကျွန်တော့် အရည်အသွေးနဲ့ ကျွန်တော့် အားသာချက်တွေကို ပိုသိလာအောင် အချိန်ယူနေရဆဲ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment