Pages

Subscribe:

Saturday, March 14, 2015

ဗာရတ်တီသည် ပေါ့ဂ်ဘာကဲ့သို့ အရည်အသွေး ရှိသူ တစ်ဦးဟု အေးဂျင့်ပြောကြား



ဗာရတ်တီသည် ပေါ့ဂ်ဘာကဲ့သို့ အရည်အသွေး ရှိသူ တစ်ဦးဟု အေးဂျင့်ပြောကြား

မိမိ၏ ကစားသမားသည် ပေါလ်ပေါ့ဂ်ဘာကဲ့သို့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားသူဖြစ်ကြောင်း မာကိုဗာရတ်တီ၏ အေးဂျင့်ဖြစ်သူက ပြောကြားသွားခဲ့သည်။

အသက်(၂၂)နှစ်ရှိ ဗာရတ်တီသည် (၂၀၁၂)ခုနှစ်က မွေးဇာတိ ကလပ်အသင်း ပက်စ်ကာရာမှ PSGသို့ ပေါင်စတာလင် (၈.၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ထို့နောက်ပိုင်းတွင် အသင်း၏ အဓိက အကျဆုံး ကစားသမား တစ်ဦး ဖြစ်လာသည်။ ဂျူဗင်းတပ်စ် အသင်းမှ ပေါ့ဂ်ဘာသည် ယခုအခါ ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမားအဖြစ် ရေပန်းစားနေသော်လည်း အီတလီ လက်ရွေးစင် ဗာရတ်တီ အနေဖြင့်လည်း ပေါ့ဂ်ဘာကို အရည်အသွေးပိုင်းအရ တန်းတူ မယှဉ်နိုင်စရာ မရှိဟု အေးဂျင့်ဖြစ်သူ ဒိုနာတို ဒီကမ်ပလီက ပြောကြားခဲ့သည်။

၎င်းက ပေါ့ဂ်ဘာနှင့်တန်းတူ ဗာရတ်တီကို မီဒီယာများက မီးမောင်းထိုး ဖော်ပြမှု မရှိသည့်အတွက် စိတ်ဆိုးမိကြောင်း ဆိုသည်။ “ကျွန်တော် စိတ်ဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီတလီမှာက ကစားသမား တော်တော်များများရဲ့ စွမ်းဆောင်ရည်ကို ချဲ့ကားပြီး ပြောဆိုကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေကိုပါ။ ဒီမှာတော့ ဗာရတ်တီအကြောင်း ဘယ်သူမှတောင် မပြောဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းက “မိုနာလီဆာခေတ်နောက်ပိုင်း ပြင်သစ်ဟာ ဗာရတ်တီကို အီတလီကနေ ဆောင်ယူခဲ့ပါတယ်။ သူဟာ လောလောဆယ် အီတလီရဲ့ အကောင်းဆုံး ကစားသမားပါ။ ပေါ့ဂ်ဘာဟာ ယူရိုသန်း(၁၀၀)လောက် တန်တယ်လို့ ပြောဆိုနေကြတယ်။ ဒါပေမဲ့ ဗာရတ်တီက အဲဒီထက် ပိုတန်ပါတယ်”ဟုလည်း ဆိုသည်။

ဒီကမ်ပလီက သတင်းများ ထွက်ပေါ်နေသကဲ့သို့ ဗာရတ်တီ အနေဖြင့် အီတလီ စီးရီးအေတွင် ပြန်ကစားနိုင်သည် ဆိုခြင်းမှာ ဖြစ်နိုင်ခြေ နည်းကြောင်း မှတ်ချက်ပြုခဲ့သည်။ “အီတလီကို သူပြန်သွားဖို့လား။ တော်တော်လေး ဖြစ်နိုင်ခြေ နည်းတယ်လို့ ကျွန်တော်ထင်တယ်။ တကယ့် အသင်းကြီးတွေက စိတ်ဝင်စားနေတဲ့တိုင်အောင် သူကိုယ်တိုင်ကတော့ ပဲရစ်မှာ ပျော်နေတယ်လေ”ဟု ၎င်းက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment