Pages

Subscribe:

Friday, March 6, 2015

ချန်ပီယံ လိဂ်ဝင်ခွင့်မှာ အလွန်ပြိုင်ဆိုင် မှုပြင်းထန်သည့် ပြိုင်ပွဲ တစ်ခုဖြစ် လာပြီဟု မန်ယူနည်းပြ ဗန်ဟားလ်ဆို



ချန်ပီယံ လိဂ်ဝင်ခွင့်မှာ အလွန်ပြိုင်ဆိုင် မှုပြင်းထန်သည့် ပြိုင်ပွဲ တစ်ခုဖြစ် လာပြီဟု မန်ယူနည်းပြ ဗန်ဟားလ်ဆို
Written by  အောင်ငြိမ်းသွေး
အင်္ဂလန်၊ မတ်၅နယူးကာဆယ် အသင်းအား ၀-၁ ဂိုးဖြင့် အနိုင် ရရှိသည့် ပွဲစဉ်မှ အသင်း၏ ကစားပုံကို မန်ယူနည်းပြ ဗန်ဟားလ် ကကျေနပ် အားရ လျက်ရှိပြီး အကောင်းဆုံး ကစားသွား ခဲ့သည့် မန်ယူ အသင်းသား များ၏ စိတ်ဓာတ်ကို ချီးကျူးပြော ဆိုလိုက်သည်။
ထိုပွဲစဉ်တွင် မန်ယူအသင်းသည် အက်ရှ်လေယန်း ၏နောက် ကျသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး အဆင့်လေးနေ ရာတွင် ဆက်လက် ရပ်တည်နိုင် ခဲ့သည်။ကြား ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယား လိဂ်ပွဲစဉ် များတွင် အမှတ်ပေး ဇယား ထိပ်ဆုံးမှ အသင်းခုနှစ်  သင်းလုံးအနိုင်  ရရှိခဲ့သည့် အတွက် ဗန်ဟားလ်က မန်ယူ အသင်းသည် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အလွန်ပြိုင်ဆိုင် မှုပြင်းထန်သည့် ပြိုင်ပွဲ အတွင်း သို့ရောက်ရှိနေ သည်ဟုပြော ဆိုလိုက်သည်။
'ဒီနေ့အသင်းရဲ့ကစားပုံကို အလွန်ကျေနပ်တယ်လို့ အ၀တ်လဲခန်းထဲမှာ ကျွန်တော်ပြောခဲ့ပါတယ်။ နယူးကာဆယ်ကွင်းဟာ အနိုင်ရဖို့အလွန်ခက်ခဲ တဲ့နေရာပါ။ ကျွန်တော့် အသင်း အနေနဲ့ တစ်ပွဲလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီး အကောင်းဆုံး ကစားနိုင် ခဲ့ပါတယ်။
ဒီလိုသာ မကစားနိုင် ခဲ့ဘူးဆိုရင် ပွဲအပြီးမှာ ရလဒ်ကောင်းရခဲ့မှာ မဟုတ်ပါဘူး။ ဒီဂီယာက တကယ်ကိုကောင်းမွန်တဲ့ ကာကွယ်မှုနှစ် ကြိမ်လောက် လုပ်နိုင်ခဲ့သ လိုနယူးကာဆယ် ဂိုးသမား တင်ကရူကလည်း ကာကွယ်မှုတွေ လုပ်နိုင် ခဲ့ပါတယ်။ အနိုင်ဂိုးရဖို့ အချိန်အကြာ ကြီးစောင့်ခဲ့ရပြီး အနိုင်ရလို စိတ်ပြင်း ထန်မှုကိုပြ သနိုင်ခဲ့ ပါတယ်။ ကျွန်တော့် အတွက်တော့ တကယ်ကို အရေးပါ တဲ့နိုင်ပွဲပါပဲ။
ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အားလုံးလည်း အနိုင်ရခဲ့ကြလို့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ တကယ်ကို ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ'ဟု ဗန်ဟားလ် ကပြောသည်။

Mizzima

0 comments:

Post a Comment