Pages

Subscribe:

Sunday, March 8, 2015

ဗန်ဂါးလ်ကို မခန့်အပ်မီ မိမိကို ယူနိုက်တက် ဆက်သွယ်ခဲ့သေးကြောင်း ကွန်တီပြောကြား



ဗန်ဂါးလ်ကို မခန့်အပ်မီ မိမိကို ယူနိုက်တက် ဆက်သွယ်ခဲ့သေးကြောင်း ကွန်တီပြောကြား

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် နွေရာသီတွင် လူးဝစ်ဗန်ဂါးလ်ကို မန်နေဂျာ ရာထူးအတွက် မခန့်အပ်မီ မိမိကို စိတ်ဝင်စားမှု ပြသခဲ့ကြောင်း အီတလီသား နည်းပြကြီး အန်တိုနီယို ကွန်တီက ထုတ်ဖော် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရာသီက ရလဒ်များ ဆိုးရွားစွာ ဖြတ်သန်းခဲ့ရသည့် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်သည် နယ်သာလန် မန်နေဂျာ ဗန်ဂါးလ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းမတိုင်မီက အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ကို ကိုင်တွယ်လျက်ရှိသည့် ကွန်တီကိုလည်း ချိတ်ဆက်ခဲ့သေးကြောင်း သိရသည်။ ကွန်တီက ယူနိုက်တက်၏ ပြီးခဲ့သည့်ရာသီ နံပါတ်(၁) ဦးစားပေး ပစ်မှတ်သည် မိမိဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ထိုအချိန်တွင် ကွန်တီက အီတလီ လက်ရွေးစင် နည်းပြအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယူနိုက်တက်သည် ဗန်ဂါးလ်နှင့်သာ ဆွေးနွေးမှု အထမြောက်သွားခဲ့သည်။

“အင်္ဂလန် ကလပ်ဘက်က ကျွန်တော့်ကို သေချာ စိတ်ဝင်တစား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့် ရွေးချယ်မှုက လက်ရွေးစင် အသင်းမှာပဲ အဆုံးသတ်သွားတယ်။ လက်ရွေးစင် အသင်းကို ကိုင်တွယ်ရတဲ့ စိန်ခေါ်မှုဆိုတာ ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေး မက်မောမှု တစ်ခုပါပဲ။ လက်ရွေးစင် အသင်းကို ကိုင်တွယ်ရင်း နိုင်ငံရဲ့ အတော်ဆုံး ကစားသမားတွေကို စိစစ်ရွေးချယ်ရတဲ့ အလုပ်က အင်မတန် ထူးကဲပါတယ်”ဟု ကွန်တီက မှတ်ချက်ပြုခဲ့သည်။

အသက်(၄၅)နှစ်ရှိ ကွန်တီသည် ဩဂုတ်လတွင် အီတလီကို စတင်ကိုင်တွယ်ပြီး (၆)ပွဲကစားရာတွင် (၅)ပွဲနိုင် (၁)ပွဲ အရေးနိမ့်ထားသည်။

Soccer Myanmar

0 comments:

Post a Comment