Sunday, March 8, 2015
မန်စီနီကြောင့် အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ရှာကီရီ ပြောကြား
မန်စီနီကြောင့် အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ရှာကီရီ ပြောကြား
ရော်ဘတ်တို မန်စီနီကြောင့် အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဇာဒန်ရှာကီရီက ပြောကြားလိုက်သည်။ဆွစ်ဇာလန် လက်ရွေးစင် ကစားသမားသည် ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်ကြာ ကစားခဲ့ချိန်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီးနောက် ဒီဇင်ဘာလက ဂျာမန်မြေမှ ထွက်ခွာခဲ့သူ ဖြစ်သည်။
ထို့နောက် အသက် ၂၃ နှစ်အရွယ် ရှာကီရီက မိမိအနေဖြင့် စပိန်နှင့် အင်္ဂလန်သို့ ပြောင်းရွှေ့ရန် အခွင့်အရေး ရရှိခဲ့သော်လည်း စီးရီးအေသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် အင်တာပရိသတ်များ အနေဖြင့် နည်းပြ မန်စီနီကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
“အင်တာက ကျွန်တော့် အေးဂျင်နဲ့ ကျွန်တော့်အစ်ကိုဆီ ဆက်သွယ်ခဲ့ပါတယ်။ အဲ့ဒီနောက် မန်စီနီကနေ ဖုန်းခေါ်ဆိုမှု နှစ်ကြိမ် ရရှိခဲ့ပါတယ်။ အဲ့ဒီနှစ်ကြိမ်စလုံးမှာ ကျွန်တော်တို့ စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူ့အတွက် အရမ်းကို အရေးပါတယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကွင်းထဲမှာ အချိန်များများနေရလိမ့်မယ်လို့ မန်စီနီက ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။ သူက သူ့ရဲ့ ဘောလုံးဒဿနကို ရှင်းပြခဲ့ပြီး အင်တာကို အရင်လို အောင်မြင်မှုတွေ ပြန်လည်ရယူဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်” ဟု ရှာကီရီက ပြောကြားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment