Sunday, March 8, 2015
အလွတ်တည်ကန်ဘောများအတွက် ရော်နယ်ဒိုကိုသာ ဦးစားပေးသွားမည်ဟု အန်ဆယ်လော့တီ ပြောကြား
အလွတ်တည်ကန်ဘောများအတွက် ရော်နယ်ဒိုကိုသာ ဦးစားပေးသွားမည်ဟု အန်ဆယ်လော့တီ ပြောကြား
အလွတ်တည်ကန်ဘောများမှ ဂိုးရယူနိုင်ခြင်း မရှိသည့်ကာလ ကြာမြင့်လျက်ရှိသော်လည်း အလွတ်တည်ကန်ဘောများ ကန်သွင်းမှုအတွက် ခရစ္စတီယာနို ရော်နယ်ဒိုကိုသာ ပထမဦးစားပေးအဖြစ် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ရီးယဲမက်ဒရစ် နည်းပြကာလို အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
အသက် ၃၀ နှစ်အရွယ် ရော်နယ်ဒိုသည် နောက်ဆုံး ကန်သွင်းခဲ့သည့် အလွတ်တည်ကန်ဘော ၅၁ ကြိမ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဂါရတ်ဘေးလ်၏ အလွတ်တည်ကန်သွင်းမှုက ရော်နယ်ဒိုထက် ပိုမို အောင်မြင်မှုရရှိနေသော်လည်း ပေါ်တူဂီ လက်ရွေးစင် ကစားသမားကိုသာ ပထမဦးစားပေးနေရာတွင် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း အန်ဆယ်လော့တီက ဆိုခဲ့သည်။ “ဒါက ရှင်းပါတယ်။ ခရစ္စတီယာနိုက ဂိုးရဲ့ ဘယ်ဘက်ကနေ ကန်ဖို့ တာဝန်ယူရပါတယ်။ ဘေးလ်က အခြားတစ်ဘက်ကနေ ကန်ဖို့ တာဝန်ယူရပါတယ်” ဟု အန်ဆယ်လော့တီက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဆက်လက်ပြီး ဗီလာရီးယဲနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲတွင် အက်ဆီယာ အီလာရာမန်ဒီကို ခံစစ်ပိုင်းတွင် အသုံးပြုခဲ့ခြင်း အတွက် ဝေဖန်ခံခဲ့ရသော်လည်း အဆိုပါ ဆုံးဖြတ်ချက်အတွက် နောင်တရမည် မဟုတ်ကြောင်း အန်ဆယ်လော့တီက ဆိုခဲ့သည်။
“ဒီလိုမျိုး ကျွန်တော် ထပ်လုပ်ဦးမှာပါ။ အီလာရာမန်ဒီက အသင်းအတွက် ဟန်ချက်ညီမျှမှုကို ပိုပြီးပေးစွမ်းနိုင်ပါတယ်။ ကစားသမားကိုလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ပါတယ်။ အနိုင်ရဖို့အတွက်ဆိုရင် အသင်းအတွက် တစ်မိနစ်ဆိုတာက အရေးပါပါတယ်။ အသင်းက အခြားအရာတွေထက် အရမ်းကို အရေးပါတယ်လို့ အခြားအသင်းက လူတွေ ပြောတာကို ကျွန်တော်ကြားဖူးပါတယ်။ ကျွန်တော်တို့အသင်းမှာလည်း ဒီလိုပါပဲ။ ဒါကို ကစားသမားတွေက နားလည်ထားပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
မက်ဒရစ်သည် လက်ရှိတွင် လာလီဂါ အမှတ်ပေးဇယား ဒုတိနေရာမှ ဘာစီလိုနာကို ၂ မှတ်အသာဖြင့်လည်းကောင်း၊ တတိယနေရာမှ လက်ရှိချန်ပီယံ အက်သလက်တီကို ၇ မှတ်အသာဖြင့် လည်းကောင်း ဦးဆောင်လျက်ရှိသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment