Pages

Subscribe:

Sunday, March 8, 2015

လူးဝစ်ဗန်ဂါးလ်နှင့် အဆင်မပြေဖြစ်နေသည်ဟူသော သတင်းများအား ရိုင်ယန်ဂစ် ငြင်းဆို



လူးဝစ်ဗန်ဂါးလ်နှင့် အဆင်မပြေဖြစ်နေသည်ဟူသော သတင်းများအား ရိုင်ယန်ဂစ် ငြင်းဆို

မန်ချက်စတာယူနိုက်တက် လက်ထောက် မန်နေဂျာ ရိုင်ယန်ဂစ်က ၎င်းနှင့် အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်တို့အကြား အဆင်မပြေဖြစ်နေသည်ဟု သတင်းဖော်ပြချက်များအား ငြင်းဆိုသွားခဲ့သည်။

အဆိုပါ သတင်းဖော်ပြချက်များသည် မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် အက်ရှ်လေယန်း၏ နောက်ကျအနိုင်ဂိုး သွင်းယူပြီးနောက် လူးဝစ်ဗန်ဂါးလ်နှင့် ရိုင်ယန်ဂစ်တို့၏ တုံ့ပြန်မှုများကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အက်ရှ်လေယန်း ဂိုးသွင်းချိန်တွင် ဗန်ဂါးလ်က ရိုင်ယန်ဂစ်၏ ပါးကိုပုတ်၍ အောင်ပွဲခံခဲ့သော်လည်း ဝေလ ကစားသမားကမူ အေးစက်စက် အနေအထားဖြင့်သာ တုံ့ပြန်ခဲ့သည်။သို့သော်လည်း မိမိ၏ တုံ့ပြန်မှုသည် နယူးကာဆယ် ချေပဂိုး ရရှိသွားမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ဂစ်က ဆိုခဲ့သည်။

“ကျွန်တော် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်က ၅ မိနစ်လောက် ကျန်နေသေးတာကို ချက်ချင်း သတိရသွားတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားတဲ့ပုံ မပြခဲ့တာပါ။ ဒါဟာ အမှန်ပါပဲ။ မီဒီယာတွေက ဒါကို လှည့်ပြီး ရေးသားခဲ့တာပါ။ ဒါတွေက ကျွန်တော့်အတွက် ရိုးနေပါပြီ” ဟု ဂစ်က ပြောကြားခဲ့သည်။

ထို့အပြင် ဗန်ဂါးလ်နှင့် လက်တွဲအလုပ်လုပ်ရခြင်းနှင့် ပတ်သက်၍ ဂစ်က “ကျွန်တော် နှစ်သက်ပါတယ်။ နေ့စဉ်နေ့တိုင်း ပျော်ရွှင်မိပါတယ်။ ကစားသမားတွေနဲ့ လက်တွဲအလုပ်လုပ်ရတဲ့အပေါ် နှစ်သက်သလို အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ မန်နေဂျာကောင်းတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာကိုလည်း နှစ်သက်ပါတယ်။ သူက အရမ်းကိုတော်တဲ့သူပါ။ ကျွန်တော်ကိုလည်း တာဝန်တွေ အများကြီး ပေးထားပါတယ်။ နည်းပြတစ်ယောက် ဖြစ်ဖို့ဆိုတာ ကစားသမားတစ်ယောက် ဖြစ်တာနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ အဲ့ဒီအတွက်လည်း နေ့စဉ်နေ့တိုင်း လေ့လာနေပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment