Saturday, March 7, 2015
အာဆင်နယ်သို့ ပိုဒေါစကီး ပြန်လာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့်ဆို
အာဆင်နယ်သို့ ပိုဒေါစကီး ပြန်လာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့်ဆို
အင်တာမီလန်တွင် အငှားစာချုပ်ကုန်ဆုံးချိန်၌ လူးကပ်စ် ပိုဒေါစကီး အနေဖြင့် အာဆင်နယ်သို့ ပြန်လာနိုင်သလို တူရကီသို့လည်း ပြောင်းရွှေ့နိုင်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဇန်နဝါရီ အပြောင်းအရွှေ့ရာသီတွင် အာဆင်နယ်မှ အင်တာမီလန်သို့ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် ဆန်စီရိုသို့ အမြဲတမ်းပြောင်းရွှေ့ရန်အတွက် သဘောတူညီမှု မရရှိခဲ့ပေ။ “ဘာမဆို ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာ သူက အင်တာမီလန်မှာ အငှားနဲ့ ကစားနေပါတယ်။ ရာသီကုန်မှာ သူ့အနေနဲ့ အာဆင်နယ်ကို ပြန်လာနိုင်ပါတယ်။ အာဆင်နယ်နဲ့ သူ့ရဲ့ စာချုပ်က တစ်နှစ်ကျန်ပါသေးတယ်။ နောက်ပြီး သူ့အနေနဲ့ တူရကီကိုတောင် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက သူ့အနေနဲ့ ဂါလာတာဆာရေးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ လူးကပ်စ်နဲ့က နွေရာသီတိုင်း တူရကီကို သွားလည်နေကြပါတယ်။ သူက တူရကီဘောလုံးလောကကို အမြဲ သဘောကျနေသူပါ” ဟု ပိုဒေါစကီး၏ အေးဂျင့်က ပြောကြားခဲ့သည်။
ပိုဒေါစကီးသည် လက်ရှိတွင် အင်တာမီလန်အတွက် ၉ ပွဲ ကစားထားသော်လည်း တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိသေးပေ။ အသက် ၂၉ နှစ်အရွယ် ပိုဒေါစကီးနှင့် အာဆင်နယ်တို့၏ လက်ရှိစာချုပ်သည် ၂၀၁၆ ခုနှစ် ဇွန်လမှသာ ကုန်ဆုံးမည် ဖြစ်သည်။
Soccer Myanmar
Labels:
စီးရီးအေ,
ပရီးမီးယားလိဂ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment