Pages

Subscribe:

Sunday, February 1, 2015

တူရကီ ခရီးစဉ်တွင် မြန်မာယူ-၂၀ အသင်း ရလဒ်ကောင်းများ ရယူနိုင်ခဲ့



မြန်မာယူ-၂၀ အသင်းသည် လာမည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်၍ ခြေစမ်းပွဲများ ကစားခဲ့ရာ ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သည်။

မြန်မာယူ-၂၀ အသင်းသည် လေ့ကျင့်မှုများပြုလုပ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိနိုင်ရန် ပြင်ဆင်နေသော အသင်းဖြစ်သည်။ မြန်မာယူ-၂၀ အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲ(၅)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာယူ၂-၀ အသင်းသည် ပထမဆုံး ခြေစမ်းပွဲ အဖြစ် တာဂျစ်ကစ္စတန် စူပါလိဂ် ကလပ်တာဇက် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီသရေကျခဲ့ပြီး ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော အာဇာဘိုင်ဂျန် ယူ-၂၁ အသင်းနှင့် ပွဲစဉ်တွင် (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တတိယပွဲစဉ်အဖြစ် မြန်မာယူ-၂၀ အသင်းသည် အာရှ ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်သော  အီရန်ယူ-၂၂ အသင်း နှင့် ကစားခဲ့ရာ (၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ စတုတ္ထပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဂျာမနီ တတိယတန်း ကလပ် BAK ဘာလင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီ စတုတ္ထတန်း ကလပ် SV 1879 Ehrenha အသင်းနှင့် ထပ်မံယှဉ်ပြိုင် ကစားခဲ့ရာတွင်လည်း (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာယူ-၂၀ အသင်းသည် ဇန်န၀ါရီလ(၃၁)ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပြီး ရက်အနည်းငယ်ခန့် အနားပေးကာ လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်သွားမည်ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment