ရမ်ဆေး၏ ဒဏ်ရာအတွက်
အာစင်ဝင်းဂါး စိုးရိမ်ပူပန်
Written
by ဝေဘုန်းလူ
လန်ဒန်။ ။ လက်စတာကို ၂-၁ ဖြင့်အနိုင်ရသည့်ပွဲတွင် အာဆင်နယ်ကွင်းလယ်
ကစားသမား ရမ်ဆေးမှာ စိုးရိမ်စရာကောင်းသည့် ဒဏ်ရာရရှိ သွားခြင်းဖြစ် သည်ဟု အာဆင်နယ်
နည်းပြ အာစင်ဝင်းဂါး ကပြောကြား လိုက်သည်။
အသက် ၂၄နှစ်အရွယ်ရှိရမ်ဆေးသည်ပွဲချိန်
၇၃မိနစ်တွင်မှလူစားဝင် ခဲ့ခြင်းဖြစ်သော်လည်း ကိုးမိနစ် အကြာတွင်ကြွက်သား ဒဏ်ရာကြောင့်ခြေထောက်ထော့
နင်းကာပြန်လည် ထွက်ခွာခဲ့ ရသည်။
"ရမ်ဆေးရဲ့အခြေအနေကိုပြောဖို့
အရမ်းစောလွန်းနေပေမယ့် ဒီလိုပုံစံက ဘယ်တုန်းက မှကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး"
ဟုအာစင်ဝင်းဂါး ကပြော သည်။ဆန်းချက်ဇ်မှာလည်း လူစားလဲခံခဲ့ရသော်လည်း တနင်္ဂနွေနေ့တွင်
မစ်ဒယ်ဘရော့နှင့် ကစားမည့် အက်ဖ်အေဖလား ၌ပြန်လည် ပါဝင်နိုင်မည် ဟုဝင်းဂါး ကမျှော်လင့်နေသည်။
အာဆင်နယ်အ
တွက်ဂိုးအများဆုံးသွင်းပေးထားသော ဆန်းချက်ဇ်သည် တံကောက်ကြောဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက်
လက်စတာနှင့်ပွဲချိန် ၆၈ မိနစ်တွင် ဒူးဒဏ်ရာပြ ဿနာကြောင့် ဂီရော့ဒ်နှင့် လူစားလဲခံ ခဲ့ရသည်။
ရမ်ဆေးနှင့်ပတ်သက်ပြီးအာစင်ဝင်းဂါးက
"သူ့မှာအရင်တစ်ကြိမ် ဒဏ်ရာရကတည်းက အရမ်းအားစိုက် မကစားနိုင်ခဲ့ဘဲ ကျွန်တော် လည်းပိုဂရုစိုက်
ခဲ့ရတယ်။ အခုရသွားတာ လည်းအရင်တုန်းက တံကောက်ကြော ဒဏ်ရာ လိုပုံစံမျိုးပါပဲ။ ဘယ်လောက်ဆိုး
သလဲဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး။ မျက်မြင် အရတော့ အခြေအနေ မကောင်းဘူး" ဟုပြောကြားခဲ့သည်။
ရမ်ဆေးသည်
ဒီဇင်ဘာလ အတွင်း ဂါလာတာစာရေးနှင့် ကစားသည့် ချန်ပီယံ လိဂ်ပွဲတွင် တံကောက်ကြောဒဏ်ရာ
ရခဲ့သဖြင့်ခြောက် ပတ်နားခဲ့ရပြီး ဇန်န၀ါရီ ၁၈ မှပြန်ကစားနိုင်ခဲ့ကာ လက်စတာနှင့် ပွဲမတိုင်ခင်လေးပွဲ
သာကစားထား ရသေးသည်။
Ref: BBC
Mizzima
0 comments:
Post a Comment