Pages

Subscribe:

Sunday, February 1, 2015

ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် စတားရစ်ခ်ျ၏ သွင်းဂိုးနှင့်အတူ ဝက်စ်ဟမ်းကို အနိုင်ရခဲ့သည့် လီဗာပူးလ်



ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) လီဗာပူးလ်နှင့် ဝက်စ်ဟမ်း ပွဲစဉ်တွင် လီဗာပူးလ်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ကန်၊ စကာတယ်၊ ဆာခို၊ ဟန်ဒါဆန်၊ လူးကပ်စ်၊ မိုရီနို၊ မာကိုဗစ်၊ လယ်လာနာ၊ ကော်တင်ဟို၊ စတာလင်တို့ ပွဲထွက်ပါဝင်ခဲ့သည်။

ဝက်စ်ဟမ်းတွင် အက်ဒရီယန်၊ အိုဘရိုင်ယန်၊ ကောလင်းစ်၊ ရိဒ်၊ ခရက်စ်ဝဲလ်၊ ဆောင်း၊ အမ်မယ်ဖီတာနို၊ နိုလန်၊ ဒေါင်းနင်း၊ ကာရိုးလ်၊ ဗလင်စီယာတို့ ပါဝင်ကစားခဲ့သည်။

၃၄ မိနစ်တွင် အမ်မယ်ဖီတာနို ဖြတ်တင်ပေးသည့် ဘောလုံးအား ကောလင်းစ်က ခေါင်းတိုက်ပြန်ချပေးရာမှတစ်ဆင့် ကာရိုးလ်က ဂိုးကန်သွင်းခဲ့သော်လည်း မစ်ဂ်နိုလတ်က အသာအယာ ကာကွယ်သွားခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပိုတွင် ဒေါင်းနင်း၏ ပေါ့လျော့မှုမှတစ်ဆင့် မာကိုဗစ်က ဂိုးသွင်းယူလုနီးပါး ဖြစ်ခဲ့သော်လည်း ၎င်း၏ ၁၂ ကိုက်အကွာမှ ကန်သွင်းချက် အံ့အားသင့်ဖွယ် ဂိုးဘေးထွက်ခဲ့သည်။ ၅၁ မိနစ်တွင် လီဗာပူးလ်က အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို စတာလင်နှင့် ကော်တင်ဟိုတို့၏ တွဲလုံးမှတစ်ဆင့် စတာလင်က သွင်းယူခဲ့သည်။ ၆၈ မိနစ်တွင် မာကိုဗစ်နေရာ၌ ဒဏ်ရာကြောင့် ၅ လခန့် အနားယူခဲ့ရသည့် စတားရစ်ခ်ျ ဝင်ရောက် ကစားခဲ့သည်။ ၈၁ မိနစ်တွင် ကော်တင်ဟို၏ ဖန်တီးပေးမှုမှတစ်ဆင့် စတားရစ်ခ်ျက လီဗာပူးလ်အတွက် သွင်းယူခဲ့သည်။ နောက်ပိုင်းတွင် လီဗာပူးလ်က အနိုင်ရလဒ်ကို ထိန်းခဲ့သောကြောင့် ပွဲအပြီးတွင် အိမ်ရှင်အသင်းက ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment