Sunday, February 1, 2015
ကျော်ကိုကို ဆီဇာ တို့ရဲ့ဂိုးတွေနဲ့ ချင်းယူနိုက်တက် ကို ရန်ကုန် အနိုင်ရ
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ်(၄)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ချင်းယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်ကို သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းဟာ ဒီပွဲစဉ်မတိုင်မီ မှာရာနှုန်းပြည်နိုင်ပွဲနဲ့ ရမှတ်(၉)မှတ် ရရှိထားခဲ့ပြီး ချင်းယူနိုက်တက် အသင်းက လေးမှတ် ရရှိထားခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက် အသင်းအနေနဲ့ ပွဲစတာနဲ့ ဖိအားပေး ကစားခဲ့ပြီး အနိုင်ဂိုးရရှိဖို့ကြိုးစား ခဲ့ပါတယ်။ ချင်းယူနိုက်တက် အသင်းကလည်း နောက်တန်းကို အကောင်းမွန်ဆုံး ကစားသွားခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကို ခုခံကစားသွားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းဟာ တောက်လျှောက် ဖိအားပေးကစားနေခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ပွဲချိန်(၄၁)မိနစ်မှာမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဒီဂိုးကို ကျော်ကိုကိုက ဧရိယာအတွင်း ဆွဲဝင်ပြီး ကန်သွင်းယူခဲ့တာပါ။ ရန်ကုန်နဲ့ ချင်းယူနိုက်တက် တို့ရဲ့ ပထမပိုင်းဟာ တော့ကျော်ကိုကို ရဲ့သွင်းဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ရန်ကုန် ယူနိုက်တက် အသင်းကပဲဆက်လက် ဖိအားပေးကစားခဲ့ပြီး ချင်းယူနိုက်တက် အသင်းကတော့ ရန်ဖန်ရံခါ ပြန်လည်တိုက်စစ် ဖွင့်ခဲ့ပေမယ့် ရန်ကုန် ယူနိုက်တက် နောက်တန်းကို တော့ကျော်လွန် နိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန်(၅၄) မိနစ်မှာ ရန်ကုန် တိုက်စစ်မှူး ကျော်ကိုကိုရဲ့ အဝေးကန်ချက် ကောင်းမွန်ခဲ့ပေမယ့် ချင်းဂိုးသမား ရဝေဇင် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ပွဲချိန်(၇၄) မိနစ်မှာတော့ ချင်းယူနိုက်တက် အသင်း တန်ပြန်တိုက်စစ် ကတစ်ဆင့် ဇော်ဇော်ဦးပေးပို့တဲ့ ဘောလုံးကို မက်သရူး ဂိုးရှေ့မှာ အပိုင်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရတာ ကြောင့် ချင်းယူနိုက်တက် ချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။ ပွဲချိန် (၇၅)မိနစ်မှာလည်း ကြည်လင်းရဲ့ ဖြတ်တင်ဘောကို ကျော်ကိုကို ပိတ်သွင်းခဲ့ပေမယ့် ရဝေဇင် လက်စွမ်းပြ ကာကွယ်ခဲ့ပြန်ပါတယ်။ ပွဲချိန်(၈၆) မိနစ်မှာတေ့ အီမာဆင်ရဲ့ ပေးပို့မှုကို ဆီဇာက ဂိုးရှေ့မှာ အနီးကပ် ပတ်သွင်းပြီး
ရန်ကုန် ယူနိုက်တက် အသင်း ဒုတိယဂိုး ရရှိသွားခဲ့ပြီ ပွဲအပြီးမှာ (၂-၀)ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment