Pages

Subscribe:

Tuesday, February 3, 2015

လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲအား ၃ နိုင်ငံပြိုင်ပွဲ အဖြစ် ပြောင်းလဲကျင်းပမည်



လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲအား ၃ နိုင်ငံပြိုင်ပွဲ အဖြစ် ပြောင်းလဲကျင်းပမည်
=====================
လာမည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ နယူးဇီလန် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် FIFA U-20 World Cup ပြိုင်ပွဲဝင်ခွင့် ရရှိထားသော မြန်မာယူ-၂၀ အသင်းအတွက် ပြိုင်ပွဲအကြို ပြင်ဆင်မှုတစ်ရပ် အနေဖြင့် မန္တလေးမြို့၌ ကျင်းပရန် မူလက စီစဉ်ထားသော လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို နိုင်ငံ ၃ နိုင်ငံဖြင့်သာ ပြောင်းလဲကျင်းပ သွားမည်ဖြစ်သည်။
လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ မန္တလေးမြို့ ဂုဏ်ဆောင် မန္တလာသီရိ အားကစား ကွင်းကြီး၌ ကျင်းပပြုလုပ်ရန် မူလက စီစဉ်ထားရှိသော (၄)နိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရ ဥရောပနှင့် အာရှထိပ်တန်း အသင်းများကို ဖိတ်ကြားခဲ့သော်လည်း ယခုအခါ ဥဇဘက်ကစ္စတန် ယူ-၂၀ အသင်းနှင့် ဖီဂျီ ယူ-၂၀ အသင်းတို့သာ လာရောက်ယှဉ်ပြိုင်နိုင် မည်ဖြစ်သဖြင့် အိမ်ရှင် မြန်မာ ယူ-၂၀ အသင်း အပါအ၀င် (၃)နိုင်ငံ ပတ်လည် ပြိုင်ပွဲအဖြစ်သာ ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်း များသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရေး အစည်းအဝေးနှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲ များကို ကျင်းပသွားမည် ဖြစ်သည်။ ပွဲကြို သတင်းစာရှင်းလင်းပွဲ ကျင်းပမည့် နေရာနှင့် အချိန်ကို မီဒီယာများအတွက် သီးသန့်ထုတ်ပြန် ကြေညာပေးမည် ဖြစ်သည်။
(၃)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ၏ ပွဲစဉ်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁၇-၂-၂၀၁၅ မြန်မာ ယူ-၂၀ VS ဖီဂျီ ယူ-၂၀ 17:00 hr
၁၉-၂-၂၀၁၅ ဖီဂျီ ယူ-၂၀ VS ဥဇဘက်ကစ္စတန် ယူ-၂၀ 17:00 hr

၂၁-၂-၂၀၁၅ ဥဇဘက်ကစ္စတန် ယူ-၂၀ VS မြန်မာ ယူ-၂၀ 17:00 hr

Myanmar Football Federation

0 comments:

Post a Comment