Pages

Subscribe:

Monday, February 2, 2015

အာဆင်နယ်အသင်း ချန်ပီယံ လမ်းကြောင်းတွင် ရှိနေသေး သည်ဟု အာစင်ဝင်းဂါး ယုံကြည်



Written by  အောင်သုတ
လန်ဒန်၊ ဖေဖော်ဝါရီ ၂။ ။အာဆင်နယ်အသင်း အနေဖြင့်ချန်ပီယံ လမ်းကြောင်းပေါ်ပြန်ရောက် လာပြီဟုပြော ရန်စောနေသေးသော်လည်း လက်ရှိပုံ စံကောင်း ကိုသာ ဆက်ထိန်း ထားနိုင်ပါက ချန်ပီယံဆု ကိုပြန်လည် စိန်ခေါ်နိုင်စွမ်း ရှိသည်ဟု အာဆင်နယ် အသင်း နည်းပြ အာစင်ဝင်းဂါး ကပြောသည်။

အာဆင်နယ် အသင်းသည် တနင်္ဂနွေ ညက ကစား ခဲ့သော ပွဲစဉ်၌ ဗီလာ အသင်းကို ၅ ဂိုးပြတ်  အနိုင် ရရှိခဲ့ပြီး ယခုနှစ် ရာသီတွင် စံချိန် တင်နိုင်ပွဲ အဖြစ် သုံးပွဲ ဆက်နိုင် ပွဲရယူနိုင်ခဲ့ ပြီးနောက်တွင် ယခုကဲ့သို့ပြော ကြားခြင်းဖြစ်သည်။ အာဆင်နယ်အသင်း အနေဖြင့်နိုင်ပွဲဆက် တိုက်ရရှိပြီး အမှတ်ပေး ဇယားတွင် အဆင့် ၅ နေရာ ထိရောက် ရှိလာသော်လည်း ထိပ်ဆုံးမှ ချယ်လ်ဆီး အသင်းနှင့် ၁၁ မှတ်ထိ ကွာဟနေသေးသည်။

သို့သော်  ချယ်လ်ဆီးနှင့်  မန်စီးတီး တို့အနေဖြင့်  ချန်ပီယံ လမ်းကြောင်း  မှသွေဖယ် သွားနိုင်  သည်ဟု မသုံးသပ် လိုသော်လည်း ၎င်းတို့ အနေဖြင့် လက်ရှိခြေ စွမ်းကောင်းကိုသာ ဆက်လက်ပြသနိုင်ပါက ချန်ပီယံလမ်းကြောင်းပေါ်ပြန်လည်ရောက် ရှိလာနိုင်သည်ဟု အာဆင်နယ် အသင်း နည်းပြ အာစင်ဝင်းဂါး ကပြော သည်။

အာဆင်နယ်အသင်း အနေဖြင့် ချန်ပီယံ လမ်းကြောင်းပေါ်ပြန်ရောက် လာပြီလားဟူသောမေးခွန်းကို "အဲဒီလိုပြောဖို့ ကတော်တော်လေးစောနေ ပါသေးတယ်" ဟု အာစင်ဝင်းဂါး ကဖြေသည်။

"ကျွန်တော်တို့ကနောက်မှာ ၁၁မှတ်ပြတ်ကျန်ခဲ့ပါတယ်။ ဒါကဘာကိုပြောသလဲဆိုတော့ ချယ်လ်ဆီးနဲ့မန်စီးတီး ကလေးပွဲရှုံးဖို့လိုသလို ကျွန်တော်တို့ လည်းလေး ပွဲနိုင်ဖို့လိုတယ်ဆိုတာ ပြနေတာပါ။ ကျွန်တော်တို့ကတော့ အတတ် နိုင်ဆုံး အကောင်း ဆုံးဖြစ်အောင် ကြိုစားမှာဖြစ်ပြီး ဘာဖြစ်လာမ လဲဆိုတာ ကတော့စောင့် ကြည့်ရတာပေါ့"ဟု အာစင်ဝင်းဂါးက ပြောသည်။

ထို့အပြင် အာစင်ဝင်းဂါးက ဒဏ်ရာပြဿနာများကြောင့် ကာလအတန်ကြာ အနားယူနေရာ မှပြန်ကစားနိုင် ပြီးခြေစွမ်းပြနေ ကြသော အိုဇေးလ် နှင့် ၀ဲလ်ကော့ တို့၏ အနေအထားများကိုလည်း ကျေနပ်အားရကြောင်း ထပ်လောင်းပြောကြားသည်။

Ref: Goal.com

Mizzima

0 comments:

Post a Comment