Sunday, February 8, 2015
ဗီလာကို အနိုင်ယူကာ ဒုတိယနေရာမှ မန်စီးတီးကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့သည့် ချယ်ဆီး
ဗီလာကို အနိုင်ယူကာ ဒုတိယနေရာမှ မန်စီးတီးကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့သည့် ချယ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) အက်စ်တွန်ဗီလာနှင့် ချယ်ဆီးပွဲစဉ်တွင် ဧည့်သည် ချယ်ဆီးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အက်စ်တွန်ဗီလာတွင် ဂူဇန်၊ အိုကိုရီ၊ ကလာ့ခ်၊ ကလီဗာလေ၊ ဝီမန်၊ အဘွန်လဟော်၊ ဝက်စ်ဝုဒ်၊ ဒပ်ဖ်၊ ဟတ်တန်၊ ဆစ်ဆိုခို၊ ဂီလ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။ ချယ်ဆီးတွင် ကော်တွိုက်စ်၊ အိုင်ဗန်နိုဗစ်၊ ရာမီးရက်စ်၊ အော်စကာ၊ ဟာဇက်၊ ဒရော့ဘာ၊ မာတစ်၊ ဝီလျံ၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာတို့ ပါဝင်ကစားခဲ့သည်။
ပွဲချိန် ၈ မိနစ်မှာပင် ချယ်ဆီးက အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ဝီလျံ၏ ဖန်တီးပေးမှုမှတစ်ဆင့် အီဒင်ဟာဇက်က သွင်းယူခဲ့သည်။ ၂၂ မိနစ်တွင် အော်စကာ၏ ဂိုးကန်သွင်းချက်ကို ဂူဇန် ကာကွယ်နိုင်ခဲ့သည်။ ၃၂ မိနစ်တွင် ချယ်ဆီး ဂိုးဧရိယာ ထိပ်နားတွင် ဝီမန် ဂိုးသွင်းခွင့် ရရှိခဲ့သော်လည်း ထိချက်လွဲခဲ့သောကြောင့် ချေပဂိုးရရှိခွင့် ဆုံးရှုံးခဲ့သည်။ ၄၈ မိနစ်တွင် ဗီလာက ချေပဂိုး ရရှိခဲ့သည်။ အဆိုပါဂိုးကို ဂီလ်၏ လှပသည့် ဖြတ်တင်ဘောမှတစ်ဆင့် အိုကိုရီက ခေါင်းတိုက်သွင်းယူခဲ့သည်။ ချယ်ဆီးအတွက် အနိုင်ဂိုးကို ၆၆ မိနစ်တွင် ဗီလာ၏ ခံစစ်ကစားပုံ ညံ့ဖျင်းမှုမှတစ်ဆင့် အိုင်ဗန်နိုဗစ်က ဘယ်ခြေဖြင့် အပြင်းကန်သွင်းယူခဲ့သည်။ ၈၆ မိနစ်တွင် ဗီလာက ချေပဂိုး ထပ်မံရရှိလုနီးပါး ဖြစ်ခဲ့သော်လည်း ဆင်ကလဲယား၏ ကန်သွင်းချက်က ဂိုးဘေးကပ်ထွက်ခဲ့သည်။ ပွဲအပြီးတွင် ချယ်ဆီးက ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ မန်စီးတီးထက် ၇ မှတ်အသာဖြင့် အမှတ်ပေး ဇယားထိပ်တွင် ဆက်လက်ရပ်တည်ခဲ့သည်။
Soccer Myanmar
Labels:
ပရီးမီးယားလိဂ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment