Pages

Subscribe:

Friday, February 6, 2015

လီဗာပူးလ် အတွက် စတီဗင် ဂျရတ်ပွဲ ၇၀၀ပြည့်ပြီ



လီဗာပူးလ် အတွက် စတီဗင် ဂျရတ်ပွဲ ၇၀၀ပြည့်ပြီ
Written by  ဝေဘုန်းလူ
လီဗာပူးလ်၊ ဖေဖော်ဝါရီ ၅။     ။ပြီးခဲ့သည့် ဗုဒ္ဓဟူးည ကဘော်လ်တန်နှင့် ရင်ဆိုင်ခဲ့သော အက်ဖ်အေ ဖလားစတုတ္ထ အဆင့်ပွဲစဉ်၌ ပါဝင်ကစား ခဲ့သော ဂျရတ် သည်လီဗာပူးလ်အသင်း သမိုင်းတွင်ပွဲ ၇၀၀ပြည့်သည့် တတိယမြောက် ကစားသမားဖြစ် လာခဲ့သည်။
စတီဗင်ဂျရတ် သည်နည်းပြ ဘရန်ဒန်ရော်ဂျာ ၏ပွဲထွက် စာရင်းတွင်ပြန် လည်ပါဝင်လာခဲ့ပြီးနောက် အီရန်ကာလာဂန်နှင့် ဂျင်မီကာရေဂါ တို့ကဲ့သို့ပွဲ ၇၀၀ပြည့် မှတ်တမ်း ကိုပိုင်ဆိုင် ခဲ့ခြင်းဖြစ်သည်။
ကစားသမား ဘ၀ တစ်လျှောက် လုံးလီဗာပူးလ် တွင်သာ ကစား ခဲ့သည့် ဂျရတ်သည်  700 ဟူသောနံပါတ် အပြင် သမီးနှစ် ဦးဖြစ်သည့် လီလီနှင့် လီဆီတို့၏ အမည်များ ကိုပါရေးသား ထားသည့် အထူးပြု လုပ်ထားသော ဖိနပ်ကို လည်း ၀တ်ဆင် ကစားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဂျရတ်သည် ပြီးခဲ့သည့်တစ်ပတ်ကတည်းကပွဲ ၇၀၀ပြည့် ရန်ပစ်မှတ် ထားနေ သည်ဟု လူမှုကွန်ယက် အင်စတာဂရမ် တွင်ရေးသား ထားခဲ့သော်လည်း လီဗာပူးလ်က ၀က်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရ သည့်ပွဲတွင် လူစာရင်း မှချန် လှပ်ခံခဲ့ ရသည်။
ပွဲ ၇၀၀ပြည့်ခဲ့ ပြီဖြစ်သော်လည်း ရာသီကုန် တွင်မေဂျာ လိဂ်ကလပ်  အယ်လ်အေ  ဂလက်ဇီ သို့ပြောင်းရွှေ့  မည်ဖြစ်သောကြောင့် ၈၅၇ ပွဲ ကစား ထားသော ကာလာဂန်၊ ၇၃၇ ပွဲကစား ထားသော ကာရေဂါတို့ ၏နောက်တွင် တတိယပွဲ အများဆုံး ကစားသမား အဖြစ်သာ ဆက်ရှိ ရဖွယ် ရှိနေသည်။
အသင်း အတွက် ဂျရတ်ပွဲ ၇၀၀ပြည့်ခဲ့ခြင်းကို မိမိနှင့် ကာလာဂန်တို့မှ ကြိုဆိုကြောင်း ကာရေဂါက တွစ်တာတွင်ရေး သားခဲ့သည်။ အက်ဖ်အေဖလား စတုတ္ထ အဆင့်ပြန် ကန်ပွဲစဉ်  တွင်ဘော်လ်တန်  ကိုနောက် ကျဂိုးဖြင့်  အနိုင်ရ ခဲ့သည့် လီဗာပူးလ်  အသင်းမှာ ပဉ္စမအဆင့်  အဖြစ်ဖေဖော်ဝါရီ ၁၄  တွင် ခရစ္စတယ် ပဲလေ့စ်နှင့် ကစားရ မည်ဖြစ်သည်။
Ref: Daily Mail

Mizzima

0 comments:

Post a Comment