Pages

Subscribe:

Sunday, February 8, 2015

ကွင်းလယ်ပိုင်းတွင် တော့တင်ဟမ်က အာဆင်နယ်ကို စိုးမိုးထားနိုင်ခဲ့ကြောင်း ဝင်းဂါး ဝန်ခံ



ကွင်းလယ်ပိုင်းတွင် တော့တင်ဟမ်က အာဆင်နယ်ကို စိုးမိုးထားနိုင်ခဲ့ကြောင်း ဝင်းဂါး ဝန်ခံ

လန်ဒန်ဒါဘီ ပွဲစဉ်တွင် ခါးသီးပြိုင်ဘက် တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကွင်းလယ်ပိုင်းတွင် အာဆင်နယ်က ပြိုင်ဘက်အသင်း၏ စိုးမိုးခြင်းကို ခံခဲ့ရကြောင်း အာစင်ဝင်းဂါးက ဝန်ခံပြောကြားလိုက်သည်။


အာဆင်နယ်သည် ဝှိုက်ဟတ်လိန်းတွင် မီဆွတ်အိုဇေးလ်၏ မြေမကျဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော် လည်း တော့တင်ဟမ်က ခြေစွမ်းပြ သနေသည့် ဟယ်ရီကိန်း၏ သွင်းဂိုးများဖြင့် အနိုင်သုံးမှတ် ရရှိခဲ့သည်။


မော်ရီစီယို ပိုချက်တီနို၏ အသင်းသည် ပွဲစဉ်တစ်လျှောက်လုံးတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး မိမိ၏ အသင်းသည် ကွင်းလယ်ပိုင်းတွင် တော့တင်ဟမ်ကို မယှဉ်နိုင်ခဲ့ကြောင်းနှင့် ထိပ်ဆုံးလေးသင်းစာရင်းတွင် ပါဝင်နိုင်ရန်အတွက် ယခုထက် ခြေစွမ်းကောင်းမွန်ရန် လိုအပ်ကြောင်း ဝင်းဂါးက ဆိုခဲ့သည်။


BT Sport ၏ အာဆင်နယ် အနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းတွင် ပါဝင်နိုင်ရန် မျှော်မှန်းထားခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဝင်းဂါးက “ဒါဟာ ခက်ခဲပါလိမ့်မယ်။ ဒါက လာမယ့်ပွဲစဉ်တွေအတွက် ဘယ်လို ပြင်ဆင်ထားတယ်၊ ခြေစွမ်းဘယ်လောက် တည်ငြိမ်မှုရှိသလဲအပေါ်မှာ မူတည်ပါတယ်။ ဒီပွဲအရှုံးရလဒ်က ရှက်စရာပါ။ ကျွန်တော်တို့ ပွဲအစမှာ ဂိုးရခဲ့ပြီးတဲ့နောက် ကစားပုံ မကောင်းခဲ့တာပါ။ ပထမပိုင်းအပြီးမှာ ကစားပုံ ပိုကောင်းလာဖို့ ကြိုးစားခဲ့ပေမယ့် တော့တင်ဟမ်က ပွဲကို အကောင်းဆုံး ထိန်းချုပ်သွားခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ စိုးမိုးပြီး ကစားသွားခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။


ထို့အပြင် အသင်း၏ ခံစစ်ပိုင်းက သွင်းဂိုး နှစ်ဂိုးကိုသာ ခွင့်ပြုခဲ့သည့်အတွက် ပျော်ရွှင်မိသော်လည်း အသင်း၏ တိုက်စစ်ပိုင်းမှာ ထက်မြက်ခဲ့ခြင်း မရှိကြောင်း ဝင်းဂါးက ဆိုခဲ့သည်။


“အသင်းရဲ့ ခံစစ်ပိုင်း ကစားပုံက အတော့်ကို ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကတော့ ကျွန်တော်တို့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး” ဟု ပရီးမီးယားလိဂ် ပွဲစဉ် ၇၀၀ မြောက်ပွဲကို ကိုင်တွယ်ခဲ့သည့် အာဆင်နယ် မန်နေဂျာက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment