ကက်ဂလီယာရီ
ကွင်းလယ်လူ ဗစ်တာအိုင် ဘာဘိုနှင့် ကာတာနီး ယားနောက်ခံ လူစပိုလီ တို့ကို ရိုးမားအသင်း
အငှားဖြင့်ခေါ်ယူ
Written
by အောင်ငြိမ်းသွေး
အီတလီ၊ ဖေဖော်ဝါရီ။ ။ ရိုးမား အသင်းသည် ကက်ဂလီယာရီ အသင်းမှ ကွင်းလယ်
တိုက်စစ် ကစားသမား ဗစ်တာအိုင် ဘာဘိုကို ရာသီကုန် အထိ အငှားစာ ချုပ်ဖြင့်ခေါ် ယူခဲ့သည်။
ရိုးမားအသင်းသည် အိုင်ဘာဘိုကို အငှားခေါ်ယူခဲ့သည့်အတွက် ယူရို ၂.၅သန်းပေးချေရမည်ဖြစ်ပြီး
ရာသီအကုန် တွင်ပြောင်းရွှေ့ကြေး ၁၂. ၅ သန်းဖြင့် အပြီးသတ်ခေါ် ယူမည်ဖြစ်သည်။
အသက် ၂၄ နှစ်
အရွယ်သာ ရှိသေးသည့် အိုင်ဘာဘိုသည် ၂၀၁၁ ခုနှစ်က ကက်ဂလီယာရီ အသင်း သို့ရောက် ရှိလာသူဖြစ်ပြီး
၁၁၁ ပွဲတွင် ၁၄ ဂိုးသွင်း ယူပေး ထားသည်။ ၂၀၁၀ ခုနှစ်က ကိုလံဘီယာ လက်ရွေးစင် အဖြစ် စတင်ရွေး
ချယ်ခံခဲ့ရပြီး ၁၂ ပွဲ ပါဝင် ကစားထားကာ ၁ ဂိုးသွင်း ယူထားသည်။
အိုင်ဘာဘိုသည်
ရိုးမားအသင်း တွင်ကျောနံပါတ် ၁၉ ဂျာစီကို ၀တ်ဆင် ကစား မည်ဖြစ်ပြီး ယခုတစ် ပတ်တွင် ပထမဆုံး
ပွဲထွက် ကစားဖွယ် ရှိနေသည်။
ရိုးမား အသင်းသည်
ကာတာနီးယား အသင်းမှ အာဂျင်တီးနားနောက်ခံ ကစားသမား နီကိုလက်စ် စပိုလီကိုလည်း အငှား စာချုပ်ဖြင့်ခေါ်ယူ
ထားသည်။
အငှားခေါ်ယူခဲ့သည့်အတွက်
ယူရို ၁.၅ သန်း ပေးချေခဲ့ရပြီး ရာသီအဆုံးတွင် ၁.၅ သန်းဖြင့်ပင် အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။
စပိုလီသည် ရိုးမားအသင်းတွင် ဗဟိုနောက်ခံ လူနေရာ အတွက် ကာဘူးလ်၊ ချီရီချက်တို့နှင့်
ရင်ဆိုင် ရမည်ဖြစ်သည်။
Ref:
Marca
Mizzima
0 comments:
Post a Comment