အယ်လ်အေ ဂလက်ဆီ
အသင်းတွင် ကျောနံပါတ် ၈ ဂျာစီကိုသာ ဂျရတ် ၀တ်ဆင်မည်
Written
by အောင်ငြိမ်းသွေး
အင်္ဂလန်၊ ဖေဖော်ဝါရီ
၆။ ။ လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်
ဂျရတ်သည် ယခုနှစ်ရာသီ အကုန် တွင်မေဂျာ လိဂ်ချန်ပီယံ အယ်လ်အေ ဂလက်ဆီ အသင်း သို့ပြောင်းရွှေ့တော့
မည်ဖြစ်ပြီး ထိုအသင်းတွင် ၎င်း၏ အမှတ်အသား နံပါတ်ဖြစ်သော ကျောနံပါတ် ၈ ဂျာစီကိုသာ ၀တ်ဆင်
ကစား မည်ဖြစ်သည်။
ဂျရတ်သည်
လီဗာပူးလ်အသင်းတွင် ဆယ်နှစ်ကျော်ကြာ ကျော်နံပါတ် ၈ ဂျာစီကို ၀တ်ဆင် ခဲ့ပြီး ထိုအတိုင်ခင်
ကကျောနံပါတ် ၁၇ ဂျာစီကို ၀တ်ဆင် ခဲ့သည်။ အင်္ဂလန် အသင်း တွင်မူ ဂျရတ် သည်ကျောနံပါတ် ၎
ဂျာစီကို အဓိက ၀တ်ဆင် ကစားခဲ့သည်။
ဂျရတ်သည်
ဇူလိုင်လ ၁၇ရက်နေ့တွင် ကစားမည့် San Jose Earthquakes အသင်းနှင့်ပွဲစဉ်တွင် ဂလက်ဆီ
ကစားသမားအဖြစ် ပထမဆုံးပွဲထွက် ကစားဖွယ် ရှိနေသည်။ ဂလက်ဆီ အသင်း၏ ပရိသတ် များသည် ဂျရတ်
ဝတ်ဆင်မည့် ဂျာစီကို ၀ယ်ယူကြရန် လှုံဆော် လျက်ရှိသည်။
ထိုကဲ့သို့
တိုက်တွန်း လှုံဆော်မှုများ ရှိနေသော်လည်း ဂျရတ် ၏ကျောနံပါတ် ၈ ဂျာစီမှာ အလွန်ဈေးကြီး
လျက်ရှိသည်။ ကြိုတင်မှာ ယူသူများ အနေဖြင့် အကျီင်္ လက်ရှည် အတွက် ၁၃၄ ပေါင်နီး ပါးပေးချေရ
မည်ဖြစ်ပြီး လက်တို အတွက် ၁၁၄ပေါင်ပေးချေ ရမည်ဖြစ်သည်။ ၂၀၁၄-၁၅ ရာသီတွင် လီဗာပူးလ် အသင်း၌ ဂျရတ် ၀တ်ဆင်သည့်
ဂျာစီ လက်ရှည် ၏တန်ဖိုးမှာ ၄၂ပေါင်သာ ရှိပြီး လက်တိုမှာပေါင် ၄၀ သာရှိသည်။
ဘော်လ်တန်နှင့်
ပွဲစဉ်တွင် လီဗာပူးလ်အသင်းအတွက် ပွဲ ၇၀၀ ပြည့် ကစား ခဲ့သော ဂျရတ်သည် ယခုတစ်ပတ်တွင်
၎င်း၏နောက်ဆုံး မာဆေး ဆိုက်ဒ် ဒါဘီပွဲ စဉ်အဖြစ် အဲဗာတန် အသင်းကို ရင်ဆိုင် ကစား မည်ဖြစ်သည်။
Ref:
Daily Mail
Mizzima
0 comments:
Post a Comment