Tuesday, February 10, 2015
ယူကရိန်းနှင့် ပွဲစဉ်မှာ နောက်တစ်ဆင့် အတွက် အရေး ကြီးသော ပွဲစဉ် ဟုဦးညီညီလတ် သုံးသပ်
ယူကရိန်းနှင့် ပွဲစဉ်မှာ နောက်တစ်ဆင့် အတွက် အရေး ကြီးသော ပွဲစဉ် ဟုဦးညီညီလတ် သုံးသပ်
မြန်မာယူ-၂၀ အသင်းနည်းပြ ဦးညီညီလတ်သည် ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲ၏ အုပ်စု ခွဲဝေမှု ရလဒ်အပေါ်ကျေနပ် ၀မ်းမြောက်မိကြောင်းနှင့် ယူကရိန်းနှင့် ကစားရမည့် ပွဲစဉ်သည် နောက်တစ်ဆင့် သို့ တက်ရောက်ရေး အတွက် အရေး ကြီးသောပွဲစဉ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နယူဇီလန်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို Sky Net Sports 1ရုပ်သံလိုင်း မှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရာ ယင်းရုပ်သံလိုင်းတွင် မဲခွဲမှု ရလဒ်များ နှင့် ပတ်သက်၍ ဦးညီညီလတ်က သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ ဦးညီညီလတ်က “ကျွန်တော်တို့ အတွက် ကံကောင်းတဲ့ မဲခွဲမှုပါပဲ။ ကျွန်တော်တို့ အနေနဲ့ အိမ်ရှင်အသင်းနဲ့ ကြုံတွေ့ရတယ် ဆိုပေမယ့် ကျန်တဲ့ အင်အားကြီး အသင်းတွေကို ရှောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အုပ်စုတွင်းမှာ ယှဉ်ရမယ့် အမေရိကန် အသင်းဆိုရင်လည်း အမျိုးသမီး ဘောလုံးမှာ အင်အားကြီးနိုင်ငံ ဖြစ်ပေမယ့် အမျိုးသားမှာတော့ ထိပ်တန်း အဆင့် မဟုတ်ပါဘူး။ ယူကရိန်းကတော့ အမေရိကန်ထက် ပိုပြီးကောင်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တူရကီမှာ သူတို့ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရှက်တာဒိုးနက် ယူ-၂၁ အသင်းကို အနိုင် ရရှိ ထားပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဆီမှာ အာဖရိက အသင်းတွေ မပါဝင် လာတာနဲ့ အခြား ဂျာမနီတို့ အာဂျင် တီးနားတို့လို အသင်းမျိုးတွေ မပါဝင် လာတာပါ” ဟု ပြောသည်။
ထို့အပြင် ဦးညီညီလတ်က မြန်မာယူ-၂၀ အသင်း၏ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် အတွက် ယူကရိန်း အသင်းနှင့် ပွဲစဉ်သည် အဆုံးအဖြတ် ဖြစ်လာမည်ဟု ပြောသည်။ ၎င်းက“ကျွန်တော်တို့ အနေနဲ့ အိမ်ရှင် အသင်းနဲ့ နောက်ဆုံးမှ ကစားရမှာက အားသာချက် တစ်ခုပါ။ ပထမဆုံးပွဲမှာ အမေရိကန်ကို အနိုင်ကစားနိုင်မယ် ဆိုရင် ယူကရိန်း အသင်းနဲ့ ပွဲစဉ်က ကျွန်တော်တို့ အတွက် အရေးပါတဲ့ ပွဲဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အိမ်ရှင် အသင်းနဲ့ ကစားရ မယ့်ပွဲမှာ အခြေအနေ ကြည့်ပြီး ကစားလို့ရမယ်။ ပထမဆုံးပွဲမှာ ရလဒ်မကောင်းခဲ့ရင်လည်း ယူကရိန်းနဲ့ ပွဲက ကျွန်တော်တို့အတွက် အသက်လို အရေး ကြီးတဲ့ပွဲဖြစ်သွားမယ်။ အိမ်ရှင် အသင်းအနေနဲ့ လည်း အကောင်းဆုံး ပြင်ဆင် ထားမှပါ” ဟု Sky Net Sports 1ရုပ်သံလိုင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Soccer Myanmar
Labels:
မြန်မာ,
နိုင်ငံတကာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment