Tuesday, February 10, 2015
စာချုပ်သစ် အတွက် ဒေးဗစ်ဒီဂီယာနှင့် ယူနိုက်တက် ဆွေးနွေးခဲ့ကြောင်း ဂျော့ခ်ျမန်ဒက်စ် ဖွင့်ဟ
စာချုပ်သစ် အတွက် ဒေးဗစ်ဒီဂီယာနှင့် ယူနိုက်တက် ဆွေးနွေးခဲ့ကြောင်း ဂျော့ခ်ျမန်ဒက်စ် ဖွင့်ဟ
မန်ချက်စတာယူနိုက်တက်သည် စာချုပ်သစ်အတွက် ဒေးဗစ်ဒီဂီယာနှင့် ဆွေးနွေးခဲ့ကြောင်း အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်က ဖွင့်ဟ ပြောကြားလိုက်သည်။
ဒီဂီယာ၏ စာချုပ်သည် လာမည့်နှစ်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ၎င်းကို ရီးယဲမက်ဒရစ်က ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း အသက် ၂၄ နှစ်အရွယ် စပိန် ဂိုးသမား၏ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်က ဒီဂီယာအနေဖြင့် ဘာနေဗျူးသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားသည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ပြီး ကစားသမား အနေဖြင့် စာချုပ်သစ်အတွက် ယူနိုက်တက်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ဒီဂီယာရဲ့ စာချုပ်သစ်အတွက် ကျွန်တော်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဆွေးနွေးနေပါတယ်။ ဒီဂီယာက ရီးယဲမက်ဒရစ်နဲ့ သဘောတူညီမှု ရထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကစားသမားရဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တော် ဆွေးနွေးနေတာပါ” ဟု မန်ဒက်စ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် လက ဘာစီလိုနာ ဂိုးသမားဟောင်း ဗစ်တာဗဲလ်ဒက်စ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သော်လည်း ဒီဂီယာအနေဖြင့် အိုးထရတ်ဖို့ဒ်တွင် နေထိုင်ရသည်ကို ပျော်ရွှင်လျက်ရှိကြောင်း မန်ဒက်စ်က ပြီးခဲ့သည့် ရက်သတ္တပ်က ဆိုခဲ့သည်။
“သူနဲ့ အသင်းရဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်ပါတော့တယ်။ ကျွန်တော့်အထင်တော့ သူ မန်ချက်စတာမှာပဲ ဆက်နေပါလိမ့်မယ်။ လက်ရှိမှာ သူက အိုးထရတ်ဖို့ဒ်မှာ ပျော်နေပါတယ်။ မကြာခင် သူ ဆုံးဖြတ်ချက်ချပါလိမ့်မယ်” ဟု မန်ဒက်စ်က ဘီဘီစီထံ ပြောကြားခဲ့သည်။
ဒီဂီယာသည် ယခုနှစ် ဘောလုံးရာသီတွင် ယူနိုက်တက်အတွက် အံ့အားသင့်ဖွယ် လက်စွမ်းပြသနေပြီး တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် ဂိုးကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စပိန်ဂိုးသမားသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကို မက်ဒရစ်မှ ယူနိုက်တက်သို့ ပေါင် ၁၇.၈ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်း၏ ပုံမှန်ပွဲထွက်ခွင့်ရသည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment