Pages

Subscribe:

Wednesday, February 11, 2015

လမ်းပတ်၏ မန်စီးတီးတွင် ကစားရန် ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ဒေးဗစ်ဗီလာ ဆို



လမ်းပတ်၏ မန်စီးတီးတွင် ကစားရန် ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ဒေးဗစ်ဗီလာ ဆို

ဖရန့်ခ်လမ်းပတ်၏ နယူးယောက်စီးတီးတွင် ပါဝင်ကစားရန် နှောင့်နှေးစေမည့် ဆုံးဖြတ်ချက်အတွက် မည်သည့် ပြဿနာမျှ မရှိကြောင်း ဒေးဗစ်ဗီလာက ပြောကြားလိုက်သည်။


ဘာစီလိုနာ တိုက်စစ်မှူးဟောင်းသည် ၂၀၁၄ ခုနှစ် ဇွန်လက မေဂျာလိဂ်အသင်းသစ်သို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီးနောက် အင်္ဂါနေ့က အသင်း၏ ပထမဦးဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပြီး စိန့်မီရန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် အဖွင့်ဂိုး သွင်းယူခဲ့သည်။သို့သော်လည်း လမ်းပတ်မှာ မန်ချက်စတာစီးတီးတွင် ရာသီကုန်အထိ အငှားဖြင့် ကစားရန် ရွေးချယ်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း၏ ဆုံးဖြတ်ချက်အတွက် မိမိတွင် ပြဿနာမရှိကြောင်း စပိန်ကစားသမားက ဆိုခဲ့သည်။


“လမ်းပတ်အနေနဲ့ အခုအချိန် ဒီမှာရှိနေမယ်ဆိုရင် အရမ်းကိုကောင်းမှာပါ။ ဒါပေမဲ့ သူ့အနေနဲ့ မန်ချက်စတာမှာ နေတာက အကောင်းဆုံးပါပဲ။ ကျွန်တော်တို့က အပြင်းအထန် ကြိုးပမ်းဖို့အတွက် အာရုံစိုက်ထားပါတယ်။ ဇူလိုင်လ သူရောက်လာမယ့် အချိန်မှာ ကျွန်တော်တို့အသင်းက သိပ်ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်” ဟု ဗီလာက ပြောကြားခဲ့သည်။


ထို့အပြင် နည်းပြ ဂျေဆန်ခရစ်ကလည်း လမ်းပတ်ကို နယူးယောက် ပရိသတ်များက ကြိုဆိုကြလိမ့်မည် ဖြစ်ကြောင်းနှင့် အီတီဟတ်တွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သည့် ကစားသမားအပေး မည်သူကမျှ စိတ်ဆိုးဒေါသထွက်နေခြင်း မရှိကြောင်း ဆိုခဲ့သည်။ “သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါလိမ့်မယ်။ အသင်းပရိသတ်တိုင်းက သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေ့ထားပြီး ခွင့်လွှတ်ကြပါလိမ့်မယ်” ဟု ခရစ်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment