လီဝန်ဒေါစကီးသည် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးဖြစ်ကြောင်း ဟာမန်း ပြောကြား
ရောဘတ် လီဝန်ဒေါစကီးသည် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားဟောင်း ဒီယက်မာ ဟာမန်းက ပြောကြားလိုက်သည်။
အသက် ၂၆ နှစ်အရွယ် လီဝန်ဒေါစကီးသည် ၂၀၁၄-၁၅ ဘောလုံးရာသီ မတိုင်မီတွင် ဘိုရပ်ရှားဒေါ့မွန်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသည်။ ၎င်းသည် လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ ၂၇ ပွဲ ပါဝင်ကစားပြီး ၁၀ ဂိုး သွင်းယူထားသည်။ သို့သော် လည်း ဟာမန်းက အဆိုပါ တိုက်စစ်မှူးသည် အကောင်းဆုံး တိုက်စစ်မှူးများအနက် တစ်ဦးအပါအဝင် ဖြစ်နေဆဲ ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဒေါ့မွန်၏ ခြေစွမ်းကျဆင်းမှုသည် ၎င်း ပိုလန်တိုက်စစ်မှူး အသင်းမှ ထွက်ခွာခဲ့ခြင်းနှင့် သက်ဆိုင်ကြောင်း ဆိုခဲ့သည်။
“ကျွန်တော့်အတွက်ကတော့ လီဝန်ဒေါစကီးက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ သူက ဒေါ့မွန်မှာ မတူညီတာတွေ ပြုလုပ်ပြခဲ့ပြီး ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့တာပါ။ သူက ဒေါ့မွန်အတွက် အရေးအပါဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူက ရူးစ်နဲ့ မာရီယို ဂေါ့ဇီထက် အရေးပါတဲ့ ကစားသမားပါ။ ဒေါ့မွန်မှာ သူ့ရဲ့ အရေးပါမှုကို ပြောဖို့အတွက် စကားလုံးမရှိပါဘူး” ဟု ဟာမန်းက ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးသည် ဒေါ့မွန်အတွက် နောက်ဆုံးကစားခဲ့သည့် ဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ ၃၃ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူခဲ့သည်။
Soccer Myanmar
0 comments:
Post a Comment