Pages

Subscribe:

Wednesday, February 11, 2015

ကွင်းလယ်ကစားသမား ကိုကီ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ကြောင်း အက်သလက်တီကို မက်ဒရစ် အတည်ပြု



ကွင်းလယ်ကစားသမား ကိုကီ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ကြောင်း အက်သလက်တီကို မက်ဒရစ် အတည်ပြု

အသင်း၏ ကွင်းလယ်ကစားသမား ကိုကီသည် ပြည်တွင်းပြိုင်ဘက် ရီးယဲမက်ဒရစ်ကို အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ကြောင်း အက်သလက်တီကို မက်ဒရစ်က ကြေညာခဲ့သည်။


အသက် ၂၃ နှစ်အရွယ် ကစားသမားသည် အဆိုပါ မက်ဒရစ်ဒါဘီပွဲစဉ်တွင် ပွဲချိန် ၁၀ မိနစ်၌ ဒဏ်ရာရရှိသွားသောကြောင့် လူစားလဲခဲ့ရသည်။ ထို့နောက် ကိုကီ၏ ဒဏ်ရာကို မက်ဒရစ်မြို့ရှိ Fremap ဆေးရုံတွင် စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ကစား သမားအနေဖြင့် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း အက်သလက်တီကိုမှ ကြေညာခဲ့သည်။


“စမ်းသပ်စစ်ဆေးမှု ရလဒ်အရ ကိုကီဟာ ဘယ်ဘက်ပေါင် တံကောက်ကြော ဒဏ်ရာ အဆင့် ၂ ကို ရရှိခဲ့ပါတယ်” ဟု အက်သလက်တီကို မက်ဒရစ်က အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ကိုကီ ဒဏ်ရာရရှိသွားခြင်းသည် လာလီဂါ အမှတ်ပေးဇယားထိပ်မှ ရီးယဲမက်ဒရစ်နှင့် လေးမှတ်သာ ကွာဟတော့သည့် အက်သလက်တီကိုအတွက် အထိနာစရာ ဖြစ်ခဲ့သည်။


မက်ဒရစ်ဒါဘီပွဲတွင် ကိုကီ ဒဏ်ရာရရှိသွားပြီးနောက် အက်သလက်တီကို နည်းပြ ဆီမြွန်နီက အစားထိုး ထည့်သွင်းခဲ့သည့် နီဂွက်ဇ်က အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ အက်သလက်တီကိုသည် လာလီဂါချန်ပီယံဘွဲ့ကို ကာကွယ်ရန်အတွက် တနင်္ဂနွေနေ့တွင် ဆယ်တာဗီဂိုနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၎င်းသည် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့်တွင် ဘိုင်ယန်လီဗာကူဆင်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment